26 April 2024

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁ ဒီကနေ့မနက်ပိုင်းလောက်က ခိုရတ်-ချိုင်ယဖူး သွားတဲ့လမ်းမပေါ်မှာ ဘတ်စ်ကားတစ်စီးသည်။ ရေတွန်းအားကြောင့် လမ်းဘေးမှာတိမ်းမောက်သွားခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာက ကြောင်ဟော်ကျေးရွာအုပ်စု နိုထိုင်မြို့နယ် နခွန်ရာ့ချ်စီမာခရိုင်မှာဖြစ်ပါတယ်။

 

 

ကားလမ်းမပေါ်မှာ ရေအနက် ၈၀ စင်တီမီတာလောက်ရှိပြီး၊ ရေစီးလဲသန်နေတာကြောင့် အလုပ်သမားတင်လာတဲ့ ဘတ်စ်ကားမှာ ဖြတ်မောင်းမိရာကနေ ရေတွန်းအားကြောင့် လမ်းဘေးမှာတိမ်းမောက်သွားခဲ့တာပါ။

 

 

ကားထဲမှာတော့ ယာဥ်မောင်းသူနဲ့နောက်လိုက်သူနှစ်ဦး ပိတ်မိနေတာကြောင့် ကယ်ဆယ်ရေး (ကု့ဖိုင်ဟု) ၃၁အဖွဲ့က ကူညီကယ်ထုတ်ပေးခဲ့ပါတယ်။ အလုပ်သမားတွေကို လိုက်ပို့ပြီးအပြန်မှာ ဖြစ်တာလို့ သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ Ref: ข่าวภูมิภาคนครราชสีมา/วีรพงศ์ เหรียญประเสริฐ

SHARE THIS NEWS

OTHER NEWS