10 May 2024

သြဂုတ်လ ၁၉ ရက်နေ့ ၂၀၂၁ Mr. Anucha Burapachaisri က မကြာမီ ပြဌာန်းချက်တွေထဲမှာပါတဲ့ မူးယစ်ဆေးဝါးအက်ဥပဒေ (ပုဒ်မ ၈) ကို သြဂုတ်လ ၂၄ ရက်နေ့မှစတင်ပြီး မူးယစ်ဆေးဝါးအဖြစ်မှ ဖယ်ရှားကာ ပြည်သူတွေ စိုက်ပျိုးခွင့် ရောင်းချခွင့်တွေ ရရှိတော့မှာဖြစ်တယ်ဟု ထိုင်းဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဆက်လက်ပြီး ဘိန်းစာရွက်နဲ့ဖမ်းဆီးခြင်းခံနေရတဲ့ တရားခံတွေကိုလဲ သြဂုတ်လ ၂၄ ရက်နေ့မှာ ၁၀၃၈ ဦီးကိုလဲ လွတ်ပေးမှာဖြစ်ပြီး၊ အကျဉ်းထောင်တွေမှာရှိတဲ့ ဘိန်းစာရွက်အမှုနဲ့အချုပ်ခံထားရသူတွေကိုလဲ စိစစ်ပြီးလွတ်ပေးသွားမှာဖြစ်တယ်ဟု ထိုင်း Ch7 သတင်းက ဖော်ပြထားပါတယ်။ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါး အက်ဥပဒေကနေဖယ်ရှားလိုက်တာဟာ အစိုးရအတွက် ကုန်ကျစရိတ်တွေ ၁,၆၉၁,၂၈၇,၀၀၀

ဘတ်အထိ သက်သာမှုရရှိမှာဖြစ်တယ်ဟု သိရပါတယ်။ အမျိုးသားဖွံ့ဖြိုးရေးသုတေသနအင်စတီကျု (TDRI) ဘက်ကဖော်ပြချက်အရ ဒီအမှုနဲ့တရားရုံးကိုသွားလျှင် ပျမ်းမျှကုန်ကျစရိတ်မှာ ၇၆,၆၁၂ ဘတ်လောက်ရှိပါတယ်။ ၁ ဇန်နဝါရီလ ၂၀၂၀ ကနေ ၃၀ ဇွန်လ ၂၀၂၁ အထိမှာ ဘိန်းစာရွက်မှုတွေ ၂၂,၀၇၆ ခုအထိရှိခဲ့ပါတယ်။

.ထိုကြောင့် သြဂုတ် ၂၄ ရက်နေ့နောက်ပိုင်းမှာ ဘိန်းစာရွက်ကိုပြည်သူတွေ စိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ သုံးစွဲခွင့်တွေ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ခွင့်ရမှာဖြစ်ပြီး၊ အကယ်၍ မူးယစ်ဆေးဝါးနဲ့ ၄ x ၁၀၀ ရောစပ်သုံးစွဲရင်တော့ ဥပဒေနဲ့ညှိစွန်းတတ်ပါတယ်။ ဘိန်းစာရွက်ကို အခြားသောဆေးဝါးတွေနဲ့ ရောစပ်အသုံးမပြုဖို့လိုတယ်ဟု သိရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

Ref: ch7hd news Thai/Post

SHARE THIS NEWS

OTHER NEWS