26 April 2024

ဓာတ်ပုံ ไทยรัฐ

 

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင်စိုးရိမ်ရေမှတ်ရောက်ရှိလာပြီးနောက် ရာမ-၆ ဆည်တွင်အလံနီထောင်ပြီးပြည်သူများကိုရေဘေးသတိပေး။

 

ထိုင်းနိုင်းငံအလယ်ပိုင်း အယုဒ္ဓယခရိုင်ရှိ ရာမ-၆ ဆည်တွင် စိုးရိမ်ရေမှတ်ရောက်ရှိလာပြီးနောက် တစ်စက္ကန့်လျှင် ၇၃၅ ကုဗမီတာနှုန်းဖြင့်ရေလွှဲထုတ်နေရ၍ ပါစတ်မြစ်ကမ်းနှစ်ဖက်တွင်နေထိုင်သည့် ပြည်သူများ၊ ဆည်အောက်ပိုင်းနှင့် အယုဒ္ဓမြို့နယ်တလျှောက်နေထိုင်သည့်ပြည်သူများအား ပစ္စည်းများကိုအမြင့်သို့ရွှေ့ပြောင်းထားကြရန် အလံနီထောင်ပြီးသတိပေးထားသည်ဟုထိုင်းရတ်သတင်းဌာနမှ ဖော်ပြထားသည်။

 

 

တချိန်တည်းတွင် ရာမ-၆ ဆည်မှရေလွှဲထုတ်မှုကြောင့် ဆည်အောက်ပိုင်းရှိ အယုဒ္ဓယခရိုင် ပါစတ် မြစ်ကမ်းနားလမ်း နှင့်ထာ့ရူယာမြို့နယ်စည်ပင်ဈေးတွင်တရိပ်ရိပ်ရေမြင့်တက်လာပြီး ဈေးထဲတွင် ၂၀ စင်တီမီတာမှ ၃၀ စင်တီမီတာအထိ ရေဖုံးလွှမ်းလာနေသည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS