26 April 2024

,

လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယို မာနေးရဲ့ နာကြဉ်အချိန်ပို သွင်းဂိုးကြောင့် ၂၀၂၁ အာဖရိက နေးရှင်းဖလားပြိုင်ပွဲမှာ ပွဲထွက်လှခဲ့ပြီး ဆီနီဂေါအသင်း ၃ မှတ်ရယူနိုင်ခဲ့။

ကင်မရွန်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၂၁ အာဖရိက နေးရှင်းဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာအုပ်စု B အသင်းနှစ်သင်းဖြစ်တဲ့ ဆီနီဂေါအသင်းနဲ့ဇင်ဘာဘွေအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်တလျှောက်လုံးမှာ ဆီနီဂေါအသင်းက ဖိကစားထားနိုင်ခဲ့ပေမဲ့ ဇင်ဘာဘွေအသင်းရဲ့ကျစ်လစ်တဲ့ခံစစ်ကိုထိုဖောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

ကံကောင်းထောက်မစွာနဲ့ပဲ နာကြဉ်အချိန်ပို ၉၀+၇ မိနစ်မှာ ဆီနီဂေါအသင်းပယ်နယ်တီရရှိခဲ့ပြီး လီဗာပူးတိုက်စစ်မှူး ဆာဒီယို မာနေးက အပိုင်ကန်သွင်းနိုင်ခဲ့တာကြောင့် ပွဲဦးထွက်အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။

အုပ်စုတွင်းပွဲစဉ်ဖြစ်တဲ့ ဂီနီနဲ့မာလဝီအသင်းတို့ရဲ့ပွဲစဉ်မှာ ဂီနီအသင်းက ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS