8 May 2024

,

ဖခင်ဖြစ်သူ၏ကားနံပါတ်ကို ကံစမ်းရာမှ လွပ်ဘူရီပုဇွန်စိမ်းသည် ဘတ်သန်း ၃၀ ကံထူးပြီး ဝမ်းသာလွန်း၍ မူးလှဲ။

ဖခင်ဖြစ်သူ၏ကားနံပါတ်ကို ကံစမ်းရာမှ ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့ (၂၀၂၂) ထိုင်းထီအပတ်စဉ်တွင်ထိုင်းနိုင်ငံအလယ်ပိုင်း လွပ်ဘူရီခရိုင်တွင်နေထိုင်သူ ပုဇွန်စိမ်းသည်တစ်ဦး ပထမဆု ၅ စောင်တွဲ ဘတ်သန်း ၃၀ ကံထူးခဲ့ပြီး ဝမ်းသာလွန်း၍ တခဏမူးလှဲသွားသည်ဟု သိရသည်။

ထီကံထူးသည့်ငွေများကို ဖခင်ဖြစ်သူအားအိမ်ဆောက်ပေးမည်ဖြစ်ပြီး အကြွေးဆပ်မည်ဟု ဆိုသည်။

ကျန်ရှိသည့်ငွေများကို သားဖြစ်သူပညာရေးစရိတ်အတွက်သိမ်းထားမည်ဖြစ်ပြီး ပုဇွန်စိမ်းရောင်းသည့်အလုပ်ကိုဆက်လက်လုပ်ကိုင်မည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS