26 April 2024

,

နိုင်ငံတကာလက်ရွေးစင်ဘဝကနေ ၂၀၂၂ အကုန်မှာ အနားယူဖို့ဖွင့်ဟလာတဲ့ နေမာ

■​​ဘရာဇီးနဲ့ ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာဟာ လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်နိုင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ကာတာ ကမ္ဘာ့ဖလားပွဲအပြီးဆိုရင် အသက် ၃၀ အရွယ်သာရှိသေးဦးမယ့် နေမာဟာ သူ့ရဲ့ ကလပ်အသင်း ကစားသမားဘဝကိုအချိန်ပိုပေးချင်တဲ့အတွက် နိုင်ငံတကာ လက်ရွေးစင်ဘဝကနေ စောစောစီးစီး အနားယူယူဖို့စဉ်းစားနေတာဖြစ်ပါတယ်။

နေမာဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ ပြီးတော့ သူဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၃ပွဲကစားခဲ့ပြီး ၆၉ ဂိုးသွင်းယူ ပေးထားသူဖြစ်ပါတယ်။

DAZN နဲ့ အင်တာဗျူးမှာ ” ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲက ကျနော့်အတွက် နောက်ဆုံးပြိုင်ပွဲလို့ထင်ပါတယ်။ ကျနော်ငယ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်ကြီးက ဘရာဇီးလ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်ဖို့အတွက် ကျနော်လုပ်ဆောင်သွားပါမယ်။ လုပ်နိုင်မယ်လို့လည်း ကျနော်မျှော်လင့်ပါတယ်” လို့ နေမာက ပြောကြားခဲ့ ပါတယ်။

နေမာဟာ ဘရာဇီးလ်ပရိတ်သတ်တွေနဲ့ မကြာခင်က တင်းမာတဲ့ဆက်ဆံရေးရှိခဲ့ဖူးသူတစ်ဦးဖြစ်ပြီး နိုင်ငံ လက်ရွေးစင်ဘဝက စောစောစီးစီးအနားယူဖို့ကိုတွန်းပို့တဲ့အထဲမှာ အဲ့ဒီအချက်တွေကလည်း အဓိကနေရာ ကပါဝင်နေပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS