2 May 2024

ထိုင်းဝါဆိုလပြည့်နေ့နှင့် ဝါဝင်နေ့တွင် အရက်ဘီယာ ရောင်းချခွင့်ပိတ်ပင်
.
ဇူလိုင် ၃၁ ရက်၊ ၂၀၂၃
.
ထိုင်းဝါဆိုလပြည့်နေ့နှင့် ဝါဝင်နေ့တွင် အရက်ဘီယာရောင်းချခွင့်ပိတ်ပင်ထားသည်ဟု ထိုင်းရဲတပ်ဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။
.
အပြည်ပြည်ဆိုင်ရာလေဆိပ်များအတွင်းရှိ အခွန်လွတ်ဈေးဆိုင်များမှလွှဲ၍ လာမည့် ဩဂုတ်လ ၁ ရက် နေ့ (၂၀၂၃) (ထိုင်းဝါဆို လပြည့်နေ့) နှင့် ဩဂုတ်လ ၂ ရက်နေ့ (ထိုင်းဝါဝင်နေ့) တွင် အရက်ဘီယာ လက် လီလက်ကားရောင်းချခွင့်ကို ပိတ်ပင်ထားသည်ဟု ဖော်ပြထားသည်။
.
၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ (ယနေ့) ည ၁၂ နာရီအချိန်မှစ၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ ည ၁၂ နာရီအချိန်အထိ အကျုံးဝင်သည်ဟု ဖော်ပြထားသည်။
.
ချိုးဖောက်ခဲ့လျှင် ၂၀၀၈ ခုနှစ် ယစ်မျိုးဥပဒေအရ ၆ လထက်မပိုသောထောင်ဒဏ်ဖြစ်စေ ဘတ် ၁ သောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ ပြည်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သတိပေးထား သည်။
.

SHARE THIS NEWS

OTHER NEWS