29 April 2024

ဓာတ်ပုံ ไทยรัฐนิวส์

 

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁

 

ဖခင်ဖြစ်သူအား ဓားဖြင့် ၁၉ ထိုးပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့်သားကို ဖမ်းဆီး။

 

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် အသက် ၆၆ နှစ်ရှိဖခင်ဖြစ်သူကို ဓားဖြင့် ၁၉ ချက်ထိုးပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် သားဖြစ်သူ အသက် ၃၃ နှစ်ကို ဘန်ချန်းစည်းပင်သာယာရဲတပ်ဖွဲ့မှ ယနေ့မနက်တွင် ဗန်ကောက်မြို့၊ နဝမင် ၅၄ လမ်းရှိ တိုက်ခန်းတစ်ခုတွင်ဖမ်းဆီးနိုင်ခဲ့သည်ဟု Thairat သတင်းဌာနမှ ဖော်ပြထားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ညနေပိုင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် အိမ်တံခါးနားတွင် သေဆုံးနေသည့် ဖခင်ဖြစ်သူအလောင်းကိုတွေ့ရှိပြီးနောက် သေဆုံးသူ၏အိမ်နီးနားချင်းကိုစစ်ဆေးမေးမြန်းပြီးအိမ်တွင်တပ်ထားသည့်လုံခြုံရေးကင်မရာကို စစ်ဆေးရာမှသိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ပြစ်မှုကျူးလွန်ပြီးနောက် နဝမင် ၅၄ လမ်းရှိ အငှားတိုက်ခန်းတစ်ခုတွင်ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး သက်သေခံပစ္စည်းများနှင့်တကွ ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

 

သံသယတရားခံသည် ပြစ်ဒဏ်ခံယူခြင်းမပြုဘဲ ထွက်ပြေးရန်အသွင်ဆောင်ခြင်းကြောင့် ထိုင်းရာဇသတ်ကြီးဉပဒေ ပုဒ်မ ၆၆ (၂) အရ တရားရုံးဖမ်းဝရမ်းထုတ်ရန်အချိန်မရှိဘဲ ပုဒ်မ ၇၈(၃)အရအရေးပေါ်ဝင်ရောက်ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

 

 

ဖခင်ဖြစ်သူနှင့်အချင်းများ၍ မိမိအားနှိပ်စက်မည်ကိုစိုးရိမ်၍ ကိုယ့်ကိုယ်ကိုကာကွယ်ရန် လက်ဦးယူ၍ပြုခဲ့သည်ဟု သားဖြစ်သူကထွက်ဆိုထားသည်။

 

သားဖြစ်သူသည် နာမည်ကြီးတက္ကသိုလ်တစ်ခုတွင်ဒီဂရီဘွဲ့ရယူထားပြီး မိဘနှင့်အတူနေထိုင်ခြင်းမရှိသည်မှာ ၁၀ နှစ်ခန့်ရှိပြီဟု သိရှိရသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS