26 April 2024

ဘန်ကောက်မှာအလုပ်လုပ်ဖို့ ခိုးလမ်းကတက်လာတဲ့ မြန်မာ ၃၇ ဦး တာ့ခ်ခရိုင် အထွက်မှာ ဖမ်းဆီးခံခဲ့ရ။

 

ခိုးဝင်လုပ်သားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကုန်တင်ကားတစ်စီး တာ့ခ်ခရိုင် ထာ့ထောင်းဒင်း – ဖာဖိန့် လမ်းက ဖြတ်မောင်းလာဖွယ် ဖို့ရှိတယ် လို့သတင်းပေးပို့လာတာကြောင့် တာ့ခရိုင် ဒုတိယညွှန်ကြားရေးမှူး Mr.Sombon Phromdam ဦးဆောင်ပြီး ခရိုင်စစ်ဆင်ရေးအဖွဲ့ Mr. Prajak Sridee တို့က စစ်ဆေးရေးဂိတ်များချပြီး စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာလုပ်သား ကျား ၂၆ ဦး မ ၁၁ ဦး စုစုပေါင်း ၃၇ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကုန်တင်ကားတစ်စီးကို ၂၀၂၁ အောက်တိုဘာလ ၁၀ ရက် နံနက် ၇ နာရီ ဝန်းကျင်ခန့်က ဖမ်းဆီးရမိခဲ့ပါတယ်။

 

 

တရားမဝင်လုပ်သား ၃၇ ဦးကို တင်ဆောင်လာတဲ့ ထိုင်းလူမျိုး ယာဉ်မောင်း ချာဒရစ် တဝီစပ်ရမ်းရစ် အသက် ၄၉ နှစ်က ၎င်းဟာ ဘန်ကောက်က အလုပ်သမားအလိုရှိနေတဲ့ အလုပ်ရှင်တွေဆီ အလုပ်သမားတွေ သွားရောက်သွင်းပေးရန် စွန့်စားခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုပါတယ်။ ၎င်းဟာ မဲ့ဆောက်လမ်းကြောင်းက ဂိတ်တွေ ဂျုတီ လဲချိန်ကို အခွင့်ကောင်းယူပြီး ရဲတွေကိုရှောင်ကွင်းကာတရားမဝင်လုပ်သားတွေကို သယ်ဆောင်ရန် ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

 

ရဲတပ်ဖွဲ့ကတော့ ယာဉ်မောင်းကို ခိုးဝင်လုပ်သားသယ်ဆောင်မှု၊ အရေးပေါ်အမိန့်ချိုးဖောက်မှု၊ ကိုဗစ်စည်းကမ်းမလိုက်နာမှု စတဲ့ စွဲချက်တွေနဲ့ တရားဆွဲဆိုထားပြီး လုပ်သားတွေကို တော့ဉပဒေဘောင်တွင်းက အရေးယူဆောင်ရွက်ကာ နေရပ် ပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

SHARE THIS NEWS

OTHER NEWS