4 May 2024

ဒီကနေ့မနက်ပိုင်း စုမ်ခရာခရိုင်မှာ မာစီးတီးကားအရစ်ကျ ဝယ်စီးပြီး ငွေပေးမချေနိုင်တော့တဲ့ကျောင်းထိုင် ဆရာတော်ဟောင်းကြောင့် တရားရုံးက ဘုန်းကြီးကျောင်းကို လေလံတင်ရောင်းရန် အမိန့်ချခဲ့တဲ့ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်၊။

 

ဖြစ်စဉ်မှာ ၁၉၉၇ ခုနှစ်က စုမ်ခရာခရိုင် နာထဝီကျေးရွာရှိ ဝပ်ယိုင်ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ဟောင်းဟာ ဘုန်းကြီးကျောင်းဆောက်လုပ်ရန် မြေလှူဒါန်းထားတဲ့ မြေပိုင်ရှင် ဒါယိကာမ၏အမည်ဖြင့် ဇိမ်ခံကားတစ်စီးကို အရစ်ကျဝယ်ခဲ့ပြီးချိန်တွင် အရစ်ကျပေးသွင်းရမယ့်ငွေကို ဆက်မသွင်းပဲ ကားကုမွဏီဟာ ကားကိုလာသိမ်းချိန်မှာလည်း ကားကိုမပြနိုင်တာကြောင့် ကားကုမ္ပဏီဟာ ၁၉၉၈ ခုနှစ်မှာ တရားလိုအဖြစ် ကျောင်းထိုင်ကို တရားစွဲဆိုထားခဲ့ရာက တရားရုံးက ယနေ့မှာ ဘုန်းကြီးကျောင်းကို လေလံတင်ရောင်းချပြီး ကားကုမ္ပဏီကို အကြွေးဆပ်ရန် အမိန့်ချမှတ်ခဲ့တာပါ။

 

ဒီကိစ္စကြောင့် ဒေသခံတွေအနေနဲ့ စိတ်မချမ်းမြေ့စရာဖြစ်ခဲ့ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဒါယကာ ဒါယိကာမ တွေက ဒီနေ့မနက်ပိုင်းမှာ သာသနာရေးကော်မရှင်ကို ကြွေးမြီ အတိုးနှုန်းကို လျော့ပေါ့ထားပေးရန် လာရောက်တောင်းဆိုခဲ့ကြပြီး ဘုန်းကြီးကျောင်းကို ပြန်ရွေးနိုင်ဖို့ နည်းလမ်းရှာဆောင်ရွက်နေ တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS