26 April 2024

,

ဗီတာမင်စီ (သို့) အက်စ်ကောဘစ်အက်ဆစ်ဟာ ခန္ဓာကိုယ်မှအလိုအလျောက်မထုတ်လုပ်နိုင်တဲ့ ဗီတာမင်အမျိုးအစား ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်း ဗီတာမင်မချို့တဲ့အောင် ကျွန်ုပ်တို့က မျှတစားသောက်ပေးဖို့လိုပါတယ်။

ဖြည့်စွက်စာတွေမစားဘဲ ခန္ဓာကိုယ်ကို မာလကာသီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ သံပုရာသီး၊ ကီဝီသီး၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက် ကညွတ် တို့နှင့် ဘရိုကိုလီ စတဲ့အသီးအနှံ၊ အရွက်တွေကိုသားသုံးပေးခြင်းနဲ့ ခန္ဓာကိုယ်တွင်း ဗီတာမင်စီဓာတ်ဖြည့်စွက်ပေးနိုင်ပါတယ်။

ဒါပေမယ့်လက်တွေ့မှာ တော့သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပေးရုံနဲ့ ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင်စီအလုံအလောက် ရရှိဖို့ဆိုတာခက်ခဲပါတယ်။ ဘာြဖစ်လို့လည်းဆိုတော့ ဗီတာမင်စီဟာ ချက်ပြုတ်ရာမှာ အပူနှင့် ထိတွေ့တဲ့အခါ အလွယ်တစ်ကူပျက်စီးသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် ဖြည့်စွက်စာစားသုံးပေးခြင်းကလည်း အခြားကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

ဗီတာမင်စီရဲ့အကျိုးကျေးဇူးများ 

– ခုခံအားကိုမြှင့်တင်ပေးပြီး ဓာတ်မတည့်မှုလက္ခဏာများကိုသက်သာစေသည်။

– အိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေသည်။

– သွားဖုံးသွေးယိုခြင်းကိုကုစားပေးနိုင်သည်။

– သွေးပြန်ကြောမှာသွေးကြောဆို့ခြင်းကိုလျော့ချပေးနိုင်သည်။

– ဖရီးရက်ဒီကယ်တွေကြောင့်ဆဲလ်တွေထိခိုက်ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်သည်။

– ခန္ဓာကိုယ်မှာရှိတဲ့တစ်လျူးတွေကိုမွမ်းမံဖို့ collagen ကိုတည်ဆောက်ပေးနိုင်သည်။

– ဗိုင်းရပ်စ်နှင့် ယက်တီးရီးယားများကူးစက်မှုကို ကာကွယ်ပေးနိုင်သည်။

– မျက်စိအားကောင်းပြီးအမြင်ကြည်လင်စေသည်။

ပုံမှန်အားဖြင့် ကျွန်ုပ်တို့ခန္ဓာကိုယ်ဟာ တစ်နေ့မှာ ဗီတာမင်စီ အလုံအလောက်ရရှိသင့်ပါတယ်။ လူသားတစ်ဦးဟာ တစ်နေ့မှာ ဗီတာမင်စီ ဘယ်လောက်ထိ လိုအပ်သလဲဆိုတာကတော့ ကျား/မ အသက်အရွယ်ပိုင်း ခြားနားမှုတို့နဲ့ ကွဲပြားသွားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ဟာ  တစ်နေ့ကို ဗီတာမင်စီ ၂၀၀၀ မီလီဂရမ်ထက်ပိုပြီး ရရှိဖို့မသင့်ပါဘူး ခန္ဓာကိုယ်တွင်း ဗီတာမင်စီဓာတ်များသွားတဲ့အခါမှာလည်း ဗိုင်အောင့်တာ၊ ဝမ်းကျတာ၊ ဝမ်းခဲတာ စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS