10 May 2024

အမျိုးသမီးရေချိုးခန်း ချောင်းကြည့်ပြီး အာသာဖြေသည့်မြန်မာတဦး ဖမ်းဆီးခံရ
.
ဇွန် ၂၇ ရက်၊ ၂၀၂၃
.
လွန်ခဲ့သော ဇွန်လ ၂၆ ရက်နေ့ (၂၀၂၃) ည ၁၂ : ၁၅ နာရီအချိန်တွင် အသက် ၃၃ နှစ်ရှိ Aung Mae ဆိုသူ
မြန်မာအမျိုးသားတဦးအား ထိုင်းနိုင်ငံအရှေ့ပိုင်း၊ တရတ်ခရိုင်၊ တရတ်မြို့နယ်၊ ဟွေ့ရဲကျေးရွာအုပ်စု၊ ရပ် ကွက် ၂ ရှိ နေအိမ်တလုံးကို ကျူးကျော်မှုဖြင့် ဖမ်းဆီးထားသည်ဟု တရတ်မြို့မရဲစခန်းမှတိုင်ကြားချက် ရ ရှိပြီးနောက် အားချင်းသွားရောက်စစ်ဆေးခဲ့ကြောင်း Amarin သတင်းဌာန က ဖော်ပြထားသည်။
.
အခင်းဖြစ်ပွားရာနေအိမ်သို့ရောက်ရှိသွားပြီးနောက် စစ်ဆေးမေးမြန်းရာတွင် သံသယတရားခံသည် မြန် မာနိုင်ငံသား မွန်လူမျိုးတဦးဖြစ်ပြီး ဟွေ့ရဲကျေးရွာအုပ်စုနယ်မြေထဲတွင် ရာဘာခြစ်သည့်အလုပ်ကို လုပ် ကိုင်နေသည်ဟု သိရှိရပြီး နိုပ်စက်ခံထားရ၍ မျက်နှာတွင်သွေးစွန်းနေကာ အခင်းဖြစ်ပွားသည့်နေရာ တွင် သွေးစများကို တွေ့ရှိရသည်။
.
သံသယတရားခံသည် ရေးချိုးနေသည့်အမျိုးသမီးကို ချောင်းကြည့်ပြီး အာသာဖြေသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည်မှာ သုံးလေးကြိမ်ရှိပြီဖြစ်၍ ဒေသခံများက ကြောက်လန့်နေပြီး ဖမ်းဆီးရန်အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
.
ကနဦးတွင် သံသယခံကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရတ်မြို့မရဲစခန်းတွင် ထိန်းချုပ်ထားပြီး တရား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စခန်းမှူးက ဆိုသည်။
.
Photo: Amarin
.

SHARE THIS NEWS

OTHER NEWS