3 May 2024

လတ်တစ်လော နည်းပညာသတင်းတွေမှာ Smart Glasses မျက်မှန်လောက် စိတ်ဝင်စားစရာကောင်းတဲ့သတင်း မရှိတော့ဘူးလို့ပြောလို့ရပါတယ်။

Facebook နဲ့ Ray-Ban တို့လက်တွဲပြီး Smart မျက်မှန်ကို ဖြန့်ချီရောင်းချဖို့ ချပြခဲ့ပြီး ရက်ပိုင်းအတွင်းမှာ Xiaomi က Xiaomi Smart Glasses လို့အမည်ပေးထားတဲ့ Smart မျက်မှန် နဲ့ မိတ်ဆက်ခဲ့ပါတယ်။

 

Xiaomi မိတ်ဆက်ခဲ့တဲ့ Xiaomi Smart Glasses , Smart မျက်မှန်ကိုတပ်ထားရင်း ဖုန်းနဲ့ချိတ်ပြီး Map၊ ဖုန်းခေါ်ဆို၊ ဓာတ်ပုံရိုက် စတဲ့ ဖန်ရှင်တွေအသုံးပြုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

တစ်ချိန်တည်းမှာ Xiaomi က ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးနိုင်ဖို့ Smart မျက်မှန်မှာ 5 Megapixel အရေအသွေးရှိတဲ့ ကင်မရာကိုထည့်သွင်းပေးထားပြီး အချိန်နှင့်တပြေးညီ ဘာသာပြန်ဆိုပေးနိုင်ရန်နှင့် အသံဖြင့် ခိုင်းစေနိုင်ရန်အတွက် XiaoAI စနစ်ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။

 

 

အဲဒီထက်စိတ်ဝင်စားစရာကောင်းတာကတော့ Xiaomi Smart မျက်မှန်မှာ ဖုန်းဖြင့်ချိတ်ဆက်နိုင်တဲ့ ဖန်ရှင်၊ Bluetooth, WiFI နှင့် ကင်မရာ၊ ဘက်ထရီတွေထည့်သွင်းထားပေမယ့်လို့ အလေးချိန်ကိုတော့ ၅၁ ဂရမ် ဖြင့်သာ ပေါ့ပါးစွာထုတ်လုပ် နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Xiaomi Smart Glasses မျက်မှန် ကို Xiaomi ကမိတ်ဆက်ခဲ့ပြီး ထုတ်လုပ်ရောင်းချရန်အတွက်တော့ တရားဝင်ကြေငြာထားခြင်းမရှိသေးပါဘူး၊ သို့ပေမယ့်လည်း Xiaomi အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့မယ်ဆိုရင်လည်း အခြားထုတ်ကုန်တွေနဲ့ ကွဲပြားခြားနားစွာ စျေးနှုန်းသက်သက်သာသာနဲ့ထွက်ရှိလာမှာဆိုတာကို ခန့်မှန်းရ နိုင်ပါတယ်။

 

SHARE THIS NEWS

OTHER NEWS