25 April 2024

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၁

 

ပီပီကျွန်းရှိ နာမည်ကြီးဟိုတယ်မန်နေဂျာပဟေဠိဆန်စွာပျောက်ဆုံး တာဝန်ရှိသူများနှင့်‌ဒေသခံများပူးပေါင်းပြီးလိုက်လံရှာဖွေနေ။

 

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကရဘီခရိုင်၊ ပီပီကျွန်းရှိ အသက် ၅၆ နှစ်အရွယ် ဇီဗိုလာဟိုတယ်အထွေထွေမန်နေဂျာသည် ပြီးခဲ့သည့်စက်တင်ဘာ ၁၁ ရက်

နေ့တွင် ပျောက်ဆုံးသွားပြီးနောက် နယ်မြေခံခရီးသွားရဲတပ်ဖွဲ့ နှင့်‌‌ဒေသခံများပူးပေါင်းပြီး ကျွန်းအနီးအနားတဝိုက်တွင် ရှာဖွေရေးလုပ်ငန်းများ

လုပ်ဆောငနေသည်ဟုသိရသည်။

 

 

ပျောက်ဆုံးသူ သြစတြေးလျနိုင်ငံသားကို ပြီးခဲ့သည့်စက်တင်ဘာ ၁၁ ရက်နေ့မွန်လွဲပိုင်းတွင် ဟိုတယ် လုံခြုံရေးကင်မရာမှတဆင့်နောက်ဆုံးတွေ့ရှိ

ခဲ့ရပြီး ၃ ရက်ကြာရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်း မရှိသေးဟု သိရသည်။

 

ပျောက်ဆုံးသူဟိုတယ်မန်နေဂျာသည် ပီပီကျွန်းရှိ လဲတွမ်တွင် နှစ် ၂၀ နေထိုင်ခဲ့သူဖြစ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူတစ်ဦးဖြစ်သလို

ရပ်ရေးရွာရေးတွင်ပါဝင်ကူညီတတ်သူဖြစ်၍ ‌‌ဒေသခံများနှင့်ခင်မင်ရင်းနှီးမှုရှိသည်ဟု လဲတွမ်အုပ်ချုပ်ရေးမှူးကဆိုသည်။

 

၎င်း၏မိသားစုများမှာ ဖူကက်တွင်နေထိုင်သည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS