29 April 2024

,

ရုပ်ရှင်မင်းသမီးဒါရိုက်တာလဲဖြစ်တဲ့ အယ် ထွန်ပစို ဟာစိုက်ပျိုးရေးသမားတွေရဲ့နတ်သမီလေးဖြစ်လာခဲ့ပါတယ်လွန်ခဲ့တဲ့အချိန်တုန်းကလဲမင်းကွတ်သီးတွေကိုတောင်သူတွေဆီကဝယ်ကူညီခဲ့ပြီးနေရာအနှံမှာရှိတဲ့အလုပ်သမားဌာနတွေကို လိုက်လံပေးဝေခဲ့ပါတယ်

အခုလဲ အယ် ထွန်ပစို ကလွဲ့အစ် ခရိုင်မှာရှိတဲ့လယ်သမားများရဲ့ရောင်းလို့မရတဲ့ဆန် ၂ တန်ကိုဝယ်ကူညီခဲ့ပါတယ်

သူတို့မှာအခုမကြိတ်ရသေးတဲ့စပါး ၂၀၀၀ ကီလိုရှိပါတယ်အယ်ကူညီချင်တယ်ဆိုရင်အနီးနားရှိရပ်ကွက်ထဲကဆန်ကြိတ်စက်တွေမှာသွားကြိတ်ပေးပါ့မယ်လို့ပြောပါတယ်အခုမြင်နေရတဲ့ဆန်တွေကတော့ စုလင် ခရိုင်ကပို့လာတာဖြစ်ပါတယ်လို့ အယ်ကပြောပြပါတယ်

သူတို့တွေက ၁ နှစ်မှာဆိုတစ်သီးသာစိုက်ပျိုးရပြီး ဧပြီ လကုန်ခါနီးမှစပါးစိုက်ဖြစ်ပါတယ်..မေ..သြဂုတ်..စက်တင်ဘာ မိုးပုံမှန်ရွာရင်မြေသြစာထည့်ပါတယ် မိုးပုံမှန်မရွာဘူးဆိုရင်မြေသြစာထည့်တာနည်းနည်းနောက်ကျပြီး အောက်တိုဘာ လအလယ်လောက်ဆိုစပါးနှံထွက်ပါတယ် နိုဝင်ဘာ..ဒီဇင်ဘာ ဆိုစပါးရိတ်ပါတယ်လို့ပြောပါတယ်

ကိုဗစ်ကြောင့်ဒီနှစ်မြေသြစာဈေးတက်ပြီးစပါးတစ်ကီလို ၇-၈ ဘတ်ပဲဈေးရပါတယ် အရင်ကတစ်ကီလို ၁၃-၁၅ ဘတ် ဈေးပေါက်ခဲ့ပါတယ် ဒီ၂နှစ်အတွင်းမှာမိုးပုံမှန်မရွာလို့စပါးလည်း လုံလုံလောက်လောက်မ ထွက်ဘူးလို့ပြောပါတယ်

အခု အယ် ဝယ်ထားတဲ့ဆန်က ဟွန်မလိဆန် (ထိုင်းဆန်မွှေး) ဖြစ်ပါတယ် ဆေးမဖျန်းထားဘူး ဓါတုတွေလဲမသုံးထားပါဘူး ဘန်ကောက်မှာရပ်ကွက်အနှံ့လိုက်ဝေပေးပါမယ်လိုပြောပါတယ်

SHARE THIS NEWS

OTHER NEWS