9 May 2024

အထောက်အထားအတုပြုလုပ်ပေးပြီး ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းရှင်တဦးအား ဘတ် ၁၂ သိန်း လိမ်လည်သွားသော အေဂျင်စီကို ဖမ်းဆီး
.
ဩဂုတ် ၂၁ ရက်၊ ၂၀၂၃
.
ထိုင်းဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းရှင်တဦးအား ပတ်စပို့စာအုပ်နှင့်ဗီဇာအတု ပြုလုပ်ပေးပြီး ဘတ်ငွေ ၁၂ သိန်း လိမ်လည်သွားသော ထိုင်းအေဂျင်စီတဦးကို “အစိုးရစာရွက်စာတမ်းအတုအပပြုလုပ်မှုနှင့်လိမ်လည်မှု” ဖြင့် ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဌာနချုပ် (CIB) နှင့် ထိုင်းဆိုက်ဘာမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ တို့ပူးပေါင်းပြီး လွန်ခဲ့သော ဩဂုတ်လ ၁၅ ရက်နေ့က ပထုမ်ဌာနီခရိုင်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟု (CIB) က ဖော်ပြထားသည်။
.
ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံခြားလုပ်သားများကို အထောက်အထားပြုလုပ်ပေးသော ပထုမ်ဌာနီ ခရိုင်ရှိ အေဂျင်စီကုမ္ပဏီတခုက ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားလုပ်သားများကို ပတ်စပို့ စာအုပ်နှင့် ဗီဇာ ပြုလုပ်ပေးနိုင်သည်ဟု အယုံသွင်းပြီး ဆောက်လုပ်ရေးကန်ထရိုက်တဦးထံမှ အလုပ်သမား ၅၀ ဦး အတွက် ဘတ်ငွေ ၁၂ သိန်း (၁ ဦးလျှင် ၂၅၀၀၀ ဘတ်) ကောက်ခံသွားပြီး အချိန်တိုအတွင်း ပြုလုပ်ပေးနိုင်မည် ဟု ကတိပေးခဲ့သည်။
.
ဆက်လက်ပြီး အဆိုပါအေဂျင်စီကုမ္ပဏီက အလုပ်သမားများ၏ ပတ်စပို့စာအုပ်နှင့်ဗီဇာတို့ကို ဆောက်လုပ်ရေး ကန်ထရိုက်ထံ လာရောက်ပေးအပ်ခဲ့ပြီး ယင်းအထောက်အထားများကို အစိုးရဌာနသို့ တင်သွင်းသောအခါ အတုများဖြစ်သည်ဟု သိရှိရသည်။
.
ထို့နောက် နစ်နာသူကန်ထရိုက်က ဖိုကယောက်နယ်မြေရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်ရာတွင် ယင်းအေဂျင်စီကုမ္ပဏီ၏ပိုင်ရှင်မှာ Mr. Seksit အသက် ၃၀ နှစ်ဟု သိရပြီး အလုပ်သမားအရေအတွက်အများအပြားရှိသော ဆောက်လုပ်ရေးကန်ထရိုက်များအား အထောက်အထားပြု လုပ်ပေးနိုင်သည်ဟု အယုံသွင်းပြီး လိမ်လည်သည့်လုပ်ရပ်မျိုးရှိသည်ကို တွေ့ရှိရသည်။
.
သံသယတရားခံထံ ဆက်သွယ်ရာတွင် လာရောက်တွေ့ဆုံခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင်သည့်အပြုအမူရှိ သည်ကို တွေ့ရှိရ၍ ဖမ်းဝရမ်းထုတ်နိုင်ရန် နခေါ်ပထုမ်ခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
.
ထို့နောက် သံသယတရားခံမှာ ပထုမ်ဌာနီခရိုင်၊ ခလောင်လွန်းမြို့နယ်၊ ခလောင်ဆောင်းကျေးရွာအုပ်စု၊ ရန်စစ်-ခလောင်ဆောင်းနယ်မြေတွင် တိမ်းရှောင်နေသည်ဟု စုံစမ်းသိရှိရ၍ တာဝန်ရှိသူများက ကွင်းဆင်းပြီးစောင့် ကြည့်ရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ နေ့လည် ၂ နာရီအချိန်တွင် နေအိမ်တလုံး၌ Mr. Seksit ကို တွေ့ရှိခဲ့၍ ဝင်ရောက်ဖမ်းဆီးခဲ့သည်။
.
သံသယတရားခံအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဖိုကယောက်နယ်မြေရဲစခန်းသို့ အပ်နှံထား ပြီး ကနဦးစစ်ဆေးချက်အရ အထောက်အထား ပြုလုပ်ခွင့်ပေးထားသည့်အချိန်ကာလ တိုတောင်း၍ အချိန်မီပြု လုပ်ပေးနိုင်ရန်အတွက် အတုပြုလုပ်ပေးရသည်ဟု ထွက်ဆိုထားပြီး ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းရှင်
အား အထောက်အထားအတုပြုလုပ်ပေးပြီး ငွေလိမ်လည်သည့်ဆွဲချက်ကို ငြင်းဆိုထားသည်။
.
အစိုးရစာရွက်စာတမ်းအတုအပပြုလုပ်ခြင်းသည် ထိုင်းရာဇသတ်ကြီးဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ် ဖြစ်စေ၊ ငွေဒဏ် ဘတ် ၁ သိန်းဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု (CIB) က ဖော်ပြထား သည်။
.
Photo: CIB
.

SHARE THIS NEWS

OTHER NEWS