4 May 2024

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၁

မြန်မာ့ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် ထိုင်းခရီးသွားစက်လှေတစ်စင်းကို မြန်မာတာဝန်ရှိသူများက တစ်နှစ်ကျော် ထိန်းသိမ်းထားပြီး စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ထိုင်းဘက်သို့ ပြန်လည်ပေးအပ်လိုက်ကြောင်း The Standard Time Daily ကဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှ မြန်မာဘက်သို့ ဝင်ရောက်လာသော Polaris One အမည်ရှိ အဆိုပါစက်လှေ ပြန်လည်အပ်နှံပွဲကို ကော့သောင်း နယ်စပ်ဂိတ်မှာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံမှ ရနောင်းခရိုင် ရေကြောင်းတပ်၊ ခရိုင်အမျိုးသားလုံခြုံရေး၊ တိုင်းဒေသ(၆) ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ခရီးသွားလုပ်ငန်းဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်းသိရသည်။

 

ထိုင်း-မြန်မာ နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေး ကောင်းမွန်ရန်အတွက် ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ Polaris One အမည်ရှိ စက်လှေဟာ၂၀၂၀ ပြည့်နှစ် မေ ၈ ရက်က ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင်ပြီး ပင်လယ်ထဲ လည်ပတ်နေစဉ် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်လာခဲ့လို့ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လှေပေါ်မှာတော့ ထိုင်းလူမျိုးနှင့် နိုင်ငံခြားသား ၂၄ ဦး လိုက်ပါခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ၂၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် လေးဦး အသီးသီးပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

Ref: း The Standard Time Daily

SHARE THIS NEWS

OTHER NEWS