26 April 2024

,

ဘတ်ငွေတန်ဖိုး ကျဆင်းနေခြင်းကြောင့် ပြည်တွင်းရွှေစျေးတက်သွားကြောင်း ရွှေကုန်သည်များအသင်း ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြား။
ယခုအကြိမ်တွင် နိုင်ငံတွင်းရွှေဈေး စံချိန်တင်မြင့် တက်စေသည့် အကြောင်းအရင်းများဖြစ်ကြောင်း ရွှေကုန်သည်များအသင်းဥက္ကဋ္ဌ မစ္စတာ ဂျစ်တီတန်စင်ဖက်ဒီက ပြောသည်။ ဘတ်ငွေ 11% ကျဆင်းသွားသောကြောင့် နိုင်ငံတွင်းရွှေဈေး တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ ၁,၉၁၀ မှ ၁၉၃၀ အတွင်း ရွေ့လျားနေဆဲဖြစ်သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် ဇန်နဝါရီ ၂၃ ရက်တုန်ႊကတစ်အောင်စလျှင် ၁,၉၃၀ ဒေါ်လာပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ထိုအချိန်က ရောင်းဈေးမှာ တစ်ကျပ်လျှင် ၂၉,၈၀၀ ဘတ်ရှိသည်။ ဒါပေမယ့်နောက်ပိုင်ႊ ရောင်းဈေးက တစ်ကျပ်ကို 33,050 ဘတ်အထိ တိုးလာတယ်။ သို့သော်လည်း ဘတ်ငွေ အားကောင်းပါက ရွှေဈေးသည် ပုံမှန်ပြန်ဖြစ်မည်ဟု ယုံကြည်ရသည်။ ယခုနှစ်ကတော့ ရွှေစျေး ဘတ် ၃၅,၀၀၀ မှ ၄၀,၀၀၀ အထိ တက်လာနိုင်သည်ဟု သုံးသပ်သူမျာႊက ဆိုသည်။ သို့သော်လည်း ပရီမီယံနှုန်းကို ဆက်လက်ထိန်းထားရန် မျှော်လင့်ထားသည့် Fed အစည်းအဝေးကို ကျွန်ုပ်တို့ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ လာမည့်ကာလတွင် ရွှေစျေးနှုန်းအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိနိုင်မည်နည်း။ အရင်တုန်းက လူတွေက ရွှေရောင်း၀ယ်လုပ်ရတာအဆင်ပြေပါတယ်။ သို့သော် ဘတ်စျေႈကျပြီႏရွှေဈေးမြင့် တက်သွားသဖြင့် စီးပွားရေးအခြေအနေနှင့် အိမ်အကြွေးများကြောင့် လူများသည် ဝယ်ယူစုဆောင်းရန်ခက်ခဲလာသည်။ ယခုနှစ် ရွှေရောင်းဝယ်ရေးအခြေ အနေမှာ နှေးကွေးနေဆဲဖြစ်သည်။ ဒီနှစ်ရွှေရောင်းအားက မနှစ်ကထက် 20-30%လောက် ကျဆင်းမယ်လို့ အကဲဖြတ်ပြီး ဒီနှစ်သစ်မှာ ရွှေဝယ်ရင် လက်ဆောင် ဒါမှမဟုတ် ဘောနပ်စ်တွေက အရင်တုန်းကလို ရလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါ။ အစိုးရ၏ စီးပွားရေး နှိုးဆွမှု အစီအမံများကြောင့် ပြည်သူများ၏ ဝယ်ယူမှု စွမ်းအားအပေါ် အကျိုးသက်ရောက်မှုကို မြင်တွေ့ရန် အနည်းဆုံး ၆ လ အချိန်ယူရမည်ဖြစ်ပြီး Yaowarat ရှိ ရွှေဆိုင်များ၏ တာ၀န်ရိသူမျာႈကဆိုသည်။

SHARE THIS NEWS

OTHER NEWS