9 May 2024

မြန်မာစစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ခြင်းမပြုဘဲ နိုင်ငံတကာမူနှင့်အညီစောင့်ရှောင့်မှုပေးရန် ထိုင်းအစိုးရကို ထိုင်းလူ့အခွင့်ရေးကောင်စီ တိုက်တွန်း။

 

ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များကို နိုင်ငံတကာမူနှင့်အညီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစောင့်ရှောင့်မှုပေးရန်၊ စစ်ဘေးရှောင်များကိုလက်ခံနိုင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်၊ စစ်ဘေးရှောင်လက်ခံရေးနှင့်ပတ်သက်ပြီးတိကျသည့်မူဝါဒချမှတ်ထားရန်၊ အစားအသောက်၊ နေရာထိုင်ခင်း၊ ဆေးဝါးအပါအဝင် ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကုသခြင်းနှင့်ကာကွယ် ဆေးထိုးနှံပေးခြင်းများကကို စီစဉ်ပေးရန် တိုက်တွန်းထားသည်။

 

 

မြန်မာစစ်ဘေးရှောင်များထဲတွင် စစ်ဘေးရှောင်များအပါအဝင် အလုပ်သမားများနှင့်နိုင်ငံရေးခိုလှုံသူများ ပါဝင်သည်ဟု ဆိုသည်။

 

 

မြန်မာနိုင်ငံဘက်၌ ပြီးခဲ့သည့်ရက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့်အပြန်အလှန်ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် သံလွင်မြစ်ကိုဖြတ်ကူးလာသည့်စစ်ဘေးရှောင်များနှင့် တာ့ခ်ခရိုင် သောင်းရင်းမြစ်ကိုဖြတ်ကူးလာသည့်စစ်ဘေးရှောင်ဦီးရေသောင်းဂဏန်းရှိသည်ဟု ဆိုသည်။ စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး သူငယ်များပါဝင်သည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS