27 April 2024

ထိုင်းကိုတရားမဝင် ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား ၇ ဦးကိုအောက်တိုဘာ ၁၂ ရက်၊ ည ၂ နာရီဝန်းကျင်မှာ ကန်ကျနဘူရီမြို့နယ် ကန်ကျနဘူရီခရိုင်မှာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

 

 

ထို့အတူ ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ် ကန်ကျနဘူရီခရိုင်မှာလဲ မြန်မာနိုင်ငံသား ၈ ဦးကိုတင်ဆောင်လာတဲ့ကားတစ်စီးကိုလဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လမ်းပြခေါ်ဆောင်သူတစ်ဦီးနဲ့ ကားတစ်စီးကိုပါ ဖမ်းဆီးလိုက်တာလို့ ခရိုင်သတင်းတွေမှာဖော်ပြထားပါတယ်။

 

 

မြန်မာနိုင်ငံသားတွေဟာ ထားဝယ်နဲ့ပဲခူးကနေလာခဲ့ကြတာဖြစ်ပြီး ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင်နဲ့စမုဆာခွန်ခရိုင်တွေမှာ အလုပ်လုပ်သွားလုပ်ဖို့လာခဲ့ကြကြောင်း ဖမ်းမိတဲ့မြန်မာလုပ်သားတစ်ဦးထံကသိရပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ Ref: ข่าวเมืองกาญจน์

SHARE THIS NEWS

OTHER NEWS