28 April 2024

,

ဘုန်းကြီးကျောင်းရှိအသက် 17 နှစ်ရှိတဲ့ကိုယ်တော်လေးကလိုက်ပြပေးခဲ့ပြီးရွှေရောင်တကိုယ်လုံးနဲ့အရှည် 50 စင်တီမီတာရှိတဲ့ရွှေငါးရှဉ့်ကိုနာဂရုတ်တုရဲ့အနောက်မှာမြင်တွေ့ခဲ့ရပါတယ်။

အောက်တိုဘာ 22 ရက်နေ့ကရွာသားများလယ်ကွင်းထဲငါးထောင်ခဲ့ပြီးရွှေငါးရှဉ့်တစ်ကောင်မိလာတာကိုမြင်ရသဖြင့်တသက်မှာပထမတဆုံးမြင်ရတဲ့ရွှေငါးရှဉ့်ကြီးကိုချက်ပြုတ်ပြီးလဲမစားဘူးရောင်းလဲမရောင်းပဲနဲ့နောက်ရွာသူရွာသားများလာရောက်ကြည့်ရှု့ကြရန်အတွက်ဆက်လက်မွေးမြူထားရန်အတွက်ဘုန်းကြီးကျောင်းထံလာရောက်ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။

ရွာသူရွာသားများကရွှေငါးရှဉ့်ကကံကောင်းခြင်းကိုသယ်ဆောင်လာပေးသည်ဟုယုံကြည်ခဲ့ကြပြီးရွှေငါးရှဉ့်ကိုစားစရာများလာရောက်ကြွေးခဲ့ကြပါသည်။

ပရိသတ်တွေလဲကံစမ်းကြဖို့မမေ့ကြနဲ့နော်အားလုံးလဲကံကောင်းကြပါစေ။

SHARE THIS NEWS

OTHER NEWS