3 May 2024

ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လည်ပတ်လိုသည့် နိုင်ငံခြားသားများနှင့်ပြည်တော်ပြန်လိုသည့်ထိုင်းနိုင်ငံသားများ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် ၆ ခု။

 

ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ် ကျန်အိုချာ ဦးဆောင်သည့် ထိုင်းအစိုးရအဖွဲ့သည် ယနေ့(နိုဝင်ဘာ ၁)မှစ၍ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေနည်းပါးပြီး ထိုင်းစီးပွားရေးအပေါ်သက်ရောက်မှုမြင့်မားသည့်နိုင်ငံပေါင်း (၆၃) နိုင်ငံမှ ခရီးသွားများကိုစတင်ဝင်ရောက်ခွင့်ပြုထားပြီး ထိုင်းနိုင်ငံအတွင်းဝင်ရောက်လည်ပတ်လိုသည့်နိုင်ငံခြားသားများနှင့် ပြည်တော်ပြန်လိုသည့်ထိုင်းနိုင်ငံ သားများသည် ကိုဗစ်-၁၉ လုပ်ငန်းစဉ် ၆ ခုကိုလိုက်နာဆောင်ရွကရန်ချမှတ်ထားသည်။

 

ယခု နိုင်ငံတံခါးဖွင့်သည့်မူဝါဒမှ နိုင်ငံခြားခရီးသွား ၁ သန်းထက်မနည်း ဝင်ရောက်လည်ပတ်မည်ဟုထိုင်းအစိုးရမှ ရာထားသည်။

 

၁။ ဝင်ခွင့်ပြုထားသည့်နိုင်ငံများမှနိုင်ငံခြားသားများနှင့်ထိုင်းနိုင်ငံသားများသည် လေယာဉ်ဖြင့်ဝင်ရောက်လာရမည်ဟုသတ်မှတ်ထားပြီး ဝင်ခွင့်“မ”ပြုထားသည့်နိုင်ငံများမှနိုင်ငံခြားသားများနှင့်ထိုင်းနိုင်ငံသား များသည် ဝင်ခွင့်ပြုထားသည့်နိုင်ငံတွင် (၂၁) ရက်ကြာသွားရောက်နေထိုင်ပြီးလျှင် ထိုင်းနိုင်ငံကိုဝင် ရောက်နိုင်မည်။

 

၂။ ကာကွယ်ဆေးထုတ်လုပ်သူမှသတ်မှတ်ထားသည့်အကြိမ်ရေပြည့်အောင်ကာကွယ်ဆေးထိုးနှံထား သည့်အထောက်အထား (Certificate of Vaccination) တင်ပြရမည်။ ဆေးဝါးဉပဒေနှင့်အညီမှတ်ပုံတင် ထားသောကာကွယ်ဆေးသို့မဟုတ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ထံမှထောက်ခံချက်ရရှိထားသော ကာ ကွယ်ဆေး သို့မဟုတ်ကျန်းမာရေးဝန်ကြီးဌာနထံမှထောက်ခံချက်ရရှိထားသောကာကွယ်ဆေးဖြစ်ရမည်။

 

 

မိဘအုပ်ထိန်းသူနှင့်အတူဝင်ရောက်လာသည့် ကာကွယ်ဆေးထိုးနှံရန်အသက်မပြည့်သေးသော အသက် (၁၂)အောက်ကလေးများမှအပ ပိုးရှိဖူးသူများသည်(နိုင်ငံခြားရေးဝန်ကြီးဌာန၏စစ်ဆေးချက်အရ တရားဝင်အသိအမှတ်ပြုထားသည့်ပိုကူးစက်ခံထားရသည့်ထောက်ခံချက်) ပိုးကူးစက်ခံရပြီးနောက် (၃)လအတွင်း ကာကွယ်ဆေး (၁) ကြိမ် ထိုးနှံထားရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့မဝင်ရောက်ရန် ၁၄ ရက်မတိုင်မီထိုးနှံထားသူဖြစ်ရမည်။

 

၃။ ခရီးမထွက်မီ (၂၇) နာရီအတွင်း RT-PCR ဖြင့်စစ်ဆေးထားသော ပိုးကင်းစင်ကြောင်းဆေးထောက်ခံချက်ပြရမည်။ ပိုးတွေ့ရှိလျင် ပြီးခဲ့သည့် (၃) လအတွင်းပိုးကူးစက်ခံထားရသည့်ဆေးထောက်ခံချက်ပြရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၅) သောင်းတန်ဖိုးရှိ ကျန်းမာရေးအာမခံပြုလုပ်ထားရမည်။

 

၄။ ဟိုတယ်ဘိုကင်ဆွဲထားသည့်အထောက်အထားပြရမည်။ အစိုးရမှသတ်မှတ်ထားသောကွာရန်တင်းစင်တာများ (AQ, OQ, AHQ) ဖြစ်နိုင်သည်။ ထို့ပြင် ဆိုက်ရောက်သည့်နေ့တွင်ပိုးစစ်ဆေးနိုင်သည့်ဆေးရုံနှင့်ချိတ်ဆက်ထားသည့် SHA+ ဟိုတယ်များတွင်လည်းတည်းခိုနိုင်သည်။ ထို့နောက် RT-PCR နည်းဖြင့်ကိုဗစ်-၁၉ စစ်ဆေးခအာမခံငွေတင်ပြရမည်။

 

 

၅။ လေဆိပ်သို့ရောက်ရှိပြီးနောက် မောချနအပ်လီကေးရှင်း (အင်္ဂလိပ်ဘာသာ) ဒေါင်းလုပ်ထားရမည်။ ထို့နောက် အစိုးရမှစီစဉ်ထာသော လမ်းကြောင်းသတ်မှတ်ထားသည့် မော်တော်ယာဉ်ဖြင့် တည်းခိုမည့်နေရာသို့ပို့ဆောင်ပေးမည်။ ထို့နောက် ဟိုတယ်နှင့်ချိတ်ဆက်ထားသောဆေးရုံမှ ဆိုက်ရောက်သည့် ပထမနေ့အတွင်း RT-PCR စနစ်ဖြင့်ကိုဗစ်စစ်ဆေးပေးရမည်။ ခရီးသွားဧည့်သည်မှစစ်ဆေးခပေးချေ ရမည်။ အတည်ပြုအဖြေရရှိသည့်အထိဟိုတယ်တွင်နေထိုင်မည်။

 

၆။ ပိုးမရှိလျှင် လွတ်လပ်စွာခရီးသွားလည်ပတ်နိုင်ပြီး ဘိုကင်ဆွဲထားသည့်ဟိုတယ်တွင်ပြန်လည်တည်းခိုနိုင်သည်။ ထိုင်းနိုင်ငံတွင်အိမ်/တိုက်ခန်းရှိလျှင် မိမိ၏အိမ်/တိုက်ခန်းတွင်ပြန်လည်နေထိုင်နိုင်သည်။ သို့သော် ဟိုတယ်မှ (၇) ရက်ကြာစောင့်ကြည့်မည်။ ရောဂါလက္ခဏာပြလျှင် နီးစပ်ရာဆေးရုံ သို့မဟုတ် ဟိုတယ်တွင် ATK ဖြင့်ကိုဗစ်စစ်ဆေးရမည်ဖြစ်ပြီး ပိုးရှိလျှင် နယ်မြေရောဂါထိန်းချုပ်ရေးအရာရှိထံအကြောင်းကြားရမည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS