9 May 2024

ထိုင်းနိုင်ငံအလယ်ပိုင်း နခေါ်စဝမ်းခရိုင်တွင် စမတ်ဖုန်းအစိတ်အပိုင်းများမှာယူပြီး ကိုယ်တိုင်တပ်ဆင်ကာ အွန်လိုင်းပေါ်တွင် ပေါက်ဈေးထက်တစ်ဝက်နီးပါးသက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချနေသည့် ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီး။

 

အွန်လိုင်းမှတဆင့် Oppo-Vivo စမတ်ဖုန်းများဝယ်ယူပြီး စွမ်းဆောင်ရည်မပြည့်ဝခြင်း၊ ကင်မရာဖန်ရှင်အလုပ်လုပ်ပုံမူမမှန်ခြင်း စသည့်ပြဿနာများတွေ့ရ၍ တိုင်တန်းလာသူများပြားလာရာမှ ထိုင်းနိုင်ငံအလယ်ပိုင်း နခေါ်စဝမ်းခရိုင် နခေါ်စဝမ်းမြို့နယ် ဝပ်စိုင်ကျေးရွာအုပ်စုတွင်တည်ရှိသော အစိုးရ အိမ်ရာတစ်ခုအတွင်းရှိ အိမ်အမှတ် ၂၀၃/၁၁-၁၂ ကို နခေါ်စဝမ်းနယ်မြေရဲစခန်းမှ ဝင်ရောက်စစ်ဆေးရာOppo-Vivo စမတ်ဖုန်းအတုများကိုတွေ့ရှိခဲ့ရပြီး အသက် ၃၃ နှစ်နှင့်အသက် ၃၁ ရှိသူ ညီအစ်ကိုနှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့သည်။

 

၎င်းတို့နှစ်ဦးသည် ယင်းစမတ်ဖုန်းအမျိုးအစား ၂ ခုကို ကျွမ်းကျွမ်းကျင်ကျင်တပ်ဆင်နိုင်၍ အစိတ်အပိုင်းများမှာယူပြီး ကိုယ်ဆိုင်တပ်ဆင်ကာ “ယင်းမ်မိုဘိုင်း” အမည်ဖြင့် အွန်လိုင်းမှတဆင့်ဈေးပေါပေါဖြင့်ရောင်ချနေသည်ဟု ထွက်ဆိုကြသည်။

 

စမတ်ဖုန်းမော်ဒယ်အပေါ်မူတည်ပြီး တစ်လုံးလျင် ဘတ် ၁,၀၀၀ မှ ၄,၀၀၀ အထိရောင်းချနေသည်ဟု ဆိုသည်။

 

ထို့ပြင် အွန်လိုင်းစမတ်ဖုန်းရောင်းဝယ်ရာတွင်ငွေလက်ခံပေးသည့် ၎င်းတို့နှစ်ဦး၏မိခင်ဖြစ်သူ ဘဏ်စာရင်းကိုလည်း ရဲတပ်ဖွဲ့မှပိတ်ထားလိုက်ပြီဟု သိရသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS