9 May 2024

,

အာရှခြေစစ်ပွဲအောင်ဖို့အတွက် ဗီယက်နမ်နဲ့အဆုံးအဖြတ်ပွဲစဉ်မှာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့၍ မြန်မာယူ-၂၃ အသင်း အောင်ဖျာလိပ်။

ယမန်နေ့ညနေ ၅ နာရီ (ထိုင်းစံတော်ချိန်) အချိန်မှာ ဗီယက်နမ်ယူ-၂၃ အသင်းနဲ့မြန်မာယူ-၂၃ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ၂၀၂၂ အာရှဖလားခြေစစ်ပွဲ (ယူ-၂၃) အုပ်စု (ဈ) နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်မှာ သရေကျရုံနဲ့နှစ်သင်းစလုံးခြေစစ်ပွဲအောင်မည်ဆိုသော်လည်း ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တာကြောင့် အစဉ်အလာမပျက် ခြေစစ်ပွဲအဆင့်နဲ့သာ မြန်မာအသင်းအောင်ဖျာလိပ်ခဲ့ရပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ အုပ်စုတွင်း တရုတ်တိုင်ပေအသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရထားတာကြောင့် ရမှတ် ၃ မှတ်၊ဂိုးရလဒ် +1 ပိုင်ဆိုင်ထားကာ ဗီယက်နမ်အသင်းကိုသရေကစားရုံဖြင့် အုပ်စုဒုတိယအကောင်းဆုံး ၄ သင်းအနေနဲ့ အာရခြေစစ်ပွဲကို လှလှပပအောင်မြင်နိုင်မယ့်အခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့တာဖြစ် ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၆၀ မှာ ဦးဆောင်ဂိုးခွင့်ပြုလိုက်ရတဲ့နောက် မြန်မာယူ-၂၃ တစ်သင်းလုံးပျာယာခတ်သွားပြီး ကစားကွက်ပြန်မတည်နိုင်အောင် တပ်ပျက်ခဲ့တာကြောင့် ပွဲချိန်မိနစ် ၉၀ မပြည့်မီကတည်းကရှုံးနေတာလို့ ယူဆနိုင်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားလူမျိုး ပိုပေါ့ဗ်က တာဝန်ယူဆောင်ရွက်နေပြီး အဓိက ကစားသမားများအဖြစ် စိုးမိုးကျော်၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ၀င်းနိုင်ထွန်းတို့ ပါဝင်ပါတယ်။ ယခခြေစစ်ပွဲမတိုင်မီ မြန်မာအသင်းမှာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တစ်ပတ်ခန့်သွားရောက်၍ လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS