10 May 2024

ပွဲစားကို တစ်ဦးလျင်ဘတ် ၁၈,၀၀၀ ပေးပြီးထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တဲ့ မြန်မာ ၁၀ ဦး

၂၀၂၁ စက်တင်ဘာလ ၂၄ ရက် (ယနေ့) ၉ နာရီခန့်က ကန်ချနဘူရီခရိုင်၊ ဘန့်ကောင်ကျေးရွာ၌ ဖမ်းဆီးခံခဲ့ရပါတယ်။

 

 

 

 

ဖမ်းဆီးရမိခဲ့တဲ့ ကျား ၃ ဦး မ ၆ ဦးတို့ကို‌မေးမြန်းကြည့်ရာ ၎င်းတို့ဟာ ပွဲစားအကူအညီဖြင့်

ဖမ်းဆီးခံခဲ့ရတဲ့ နေရာတာကို ရောက်လာတာဖြစ်ကြောင်းဖြေပါတယ်။ ပွဲစားက လာခေါ်မယ်ဆိုပြီး

မက်လုံးပေးပြီးစွန့်ပစ် သွားရာက ၎င်းတို့အားလုံးဟာ ယင်းနေရာမှာ ၄ ရက်တိတိဘာမှ မစားခဲ့ရဘဲ

ဘယ်အချိန်ပွဲစားက လာခေါ်မလဲဆိုတာ စောင့်စားနေခဲ့ရတာလို့ဆိုပါတယ်။

 

ကနဦးသတင်းအရ ဖမ်းဆီးရမိခဲ့တဲ့ ၁၀ ဦးကို ရဲစခန်းတွင်ချုပ်နှောင်ထားပြီး ဥပဒေနည်းလမ်းအရ

မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS