9 May 2024

အာဏာရှင်ကိုတွန်းလှန်သော အဖွဲ့အစည်းတိုင်းနှင့် လက်တွဲရန် KNU ဥက္ကဌ တိုက်တွန်း
.
ဇူလိုင် ၆ ရက်၊ ၂၀၂၃
.
ကရင့်အမျိုးသားလက်နက်ကိုင်ခုခံ တော်လှန်ရေးသမားများအနေဖြင့် စစ်အာဏာရှင်များနှင့် အာဏာရှင် များ အားခုခံတွန်းလှန်နေကြသည့် လူမျိုးတိုင်းအဖွဲ့အစည်းတိုင်းနှင့်လက်တွဲလုပ်ဆောင်ကြရမည်ဟု ကရင့်အမျိုးသားအစည်းအရုံး KNU ဥက္ကဌက ပြောဆိုလိုက်သည်။
.
ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့တွင်ကျရောက်ခဲ့သော ၇၄ နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့သို့ KNU ဥက္ကဌ ဖဒိုစောကွယ်ထူးဝင် က ပေးပို့သော သဝဏ်လွှာတွင် အထက်ပါအတိုင်း ရေးသားဖော်ပြထားတာသည်။
.
ထို့အပြင် လက်ရှိနိုင်ငံရေးနှင့်စစ်ရေးအခြေအနေများသည် မြန်မာနိုင်ငံသမိုင်းတလျှောက်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့်မတူပဲ လုံးဝခြားနားလျှက်ရှိသည်ဟုလဲ KNU ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း၏ သဝဏ် လွှာတွင် ဖော်ပြထားသည်။
.
“လက်ရှိအချိန်ကာလသည် ကြီးမားသည့်စိန်ခေါ်မူများရှိသကဲ့သို့ မိမိတို့၏ကိုယ်ပိုင်ပြဌါန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့်အခွင့်ကောင်းများလဲရှိနေပါသည်” ဟုသဝဏ်လွှာတွင်ရေးသား ထားသည်။
.
စစ်တပ်က အာဏာသိမ်းပြီးနောက် KNU လက်အောက်ခံ KNLA နှင့် kNDO တပ်ဖွဲ့များထဲတွင် တပ်ရင်း တပ်ဖွဲ့အများစုသည် စစ်ကောင်စီအား တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ ပြန်လည်တိုက်ခိုက် နေသူများ ရှိသော်လည်း တချို့တပ်ရင်းတပ်ဖွဲ့များမှာမူ ယခုအချိန်ထိ တိုက်ခိုက်တာ မရှိသေးသည့် အပေါ် ဝေဖန်မှုများရှိနေခဲ့ပါသည်။
.
မူရင်း : KIC News
.

SHARE THIS NEWS

OTHER NEWS