9 May 2024

ချချုံဆောင်တွင် တာဝါကရိန်းပြိုကျပြီး တဦးဒဏ်ရာရ
.
ဩဂုတ် ၂၉ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက်အရှေ့ဘက်ရှိ ချချုံဆောင်ခရိုင်တွင် ဖုထစိုးထော် (Buddha Sothon) ဆေးရုံဝင်းအတွင်း ဆောက်လက်စအဆောက်အဦးတခုအပေါ်တွင် ယနေ့မနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ တာဝါကရိန်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကရိန်းထိန်းချုပ်သူဝန်ထမ်းမှာ ဒဏ်ရာရရှိခဲ့သည်ဟု နယ်မြေခံသတင်းပေ့ချ်တခုက ဖော်ပြထား သည်။
.
ပြိုကျလာသောတာဝါကရိန်းမှ ဗို့အားမြင့်မီးကြိုအပေါ် ပိမိ၍ ဆေးရုံတခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက် သွားခဲ့သည်ဟု ဖော်ပြထားသည်။
.
ထို့နောက် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကြောင့် ၂၉-၉-၂၀၂၃ ရက်နေ့တွင် ရက်ချိန်းရယူထားသော အပြင်လူနာများအား (အရေးပေါ်လူနာမှအပ) ဆေးကုသမှု ပေးနိုင်ခြင်းမရှိ၍ ရွှေ့ဆိုင်းထားရန်နှင့် ဆေးကုသမှု ပြန်လည်ပေးနိုင်မည့်နေ့ရက်ကို ထပ်မံအသိပေးသွားမည်ဟု ဆေးရုံမှ ထုတ်ပြန်ကြေညာထားသည်။
.
.
.
.
.
.
.
Photo : หน่อยกู้ภัยฉะเชิงเทรา
.

SHARE THIS NEWS

OTHER NEWS