26 April 2024

၈ နှစ်သား ကိုရင်လေႊကို ကိုယ်ထိလက်ရောက် လိင်ပိုင်ႊဆိုင်ရာစော်ကားမှုနဲ့ ချင်းမိုင်ခရိုင် နာမည်ကြီး Wat Daung အမှုကို ရဲချုပ်က စစ်ဆေးနေ။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ချင်းမိုင်ခရိုင်၊ မယ်ရင်ခရိုင်မှ ထင်ရှားသော ဘုန်းတော်ကြီးကျောင်း ဆရာတော် အသက် ၄၈ နှစ်အရွယ် ဖရာသီယာမကို ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။ ဘုန်းကြီးတစ်ပါႈသည် ကိုရင်လေႊကို ကြိမ်ဖန်များစွာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်းအကိုဖြစ်သူကိုရင်က ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။မကြာမီတွင် ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Thawatchai Pongwiwatchai သည် အမှုကို စုံစမ်းစစ်ဆေးရန် မယ်ရင်ရဲစခန်းသို့ သွားရောက်ခဲ့သည်။ ပဏာမမေးမြန်းပြီးနောက် ထိုဘုန်ႊကြီႏသီရမေသာသည် မောင်ရှင်အား ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ ကျူႊလွန်မု သို့မဟုတ် မသင့်လျော်သော လုပ်ရပ်များ မရှိကြောင်း ငြင်းဆိုခဲ့သည်။ပဏာမစစ်ဆေႊချက်များ ဆောင်ရွက်လျက်ရှိပြီး တရားမျှတသော လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်အတွက် ဆက်လက်၍ စုံစမ်းရေးမှူးများသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသော ကိုရင်လေႊအား ဆေးစစ်ရန် နှင့် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုဆရာတော် အား ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုရင်လေႊအား ကိုယ်ထိလက်ရောက် စော်ကားမှုဖြင့် စွဲချက်တင်ကာ တရားရုံးသို့ အမြန်ဆုံးပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ လိင်ပိုင်းဆိုင်ရာ ကျူႊလွန်မှုနှင့် ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုဆိုင်ရာစွဲချက်များဟုတ်မဟုတ်ဆေးစစ်မှုရလဒ်များအပေါ် မူတည်မည်ဖြစ်သည်။

SHARE THIS NEWS

OTHER NEWS