8 May 2024

ဓာတ်ပုံ Thairat News

 

အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချိုင်နာ့ခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများပျက်ဆီး၍ တရုတ်သက်သတ်လွတ်ပွဲတော်အကြိုရက်တွင် ဟင်းသီးဟင်းရွက်ဈေးနှစ်ဆခုန်တက်။

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချိုင်နာ့ခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများပျက်ဆီး၍တခြားခရိုင်မှသွားရောက်ဝယ်ယူလာပြီးပြန်လည်ရောင်းချရခြင်းကြောင့် တရုတ်သက်သတ်လွတ်စားပွဲတော်အကြိုရက်တွင် ချိုင်နာ့မြို့မကုန်စိမ်းဈေး၌ ဟင်းသီးဟင်းသီးဈေးအများစုကို ၁၀ ဘတ် မှ ၂၀ ဘတ် အထိဈေးတက်စေခဲ့ပြီး တချို့မှာ ၂ ဆအထိဈေးခုန်တက်ခဲ့သည်ဟု Thairat News သတင်းဌာနမှ ဖော်ပြ ထား သည်။

 

 

ရေဘေးဒဏ်ကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းရုတ်တရက်ခုန်တက်ခဲ့ပြီးယခင်ကတစ်ကီလိုဂရမ်လျှင် ၂၀ ဘတ်ဖြင့်ရောင်းချနေသောခရမ်းချဉ်သီးဈေးသည် ၃၀ ဘတ်ဖြစ်သွားပြီး ကန်စွန်းရွက်တစ်ကီလိုဂရမ် လျှင်ယခင် ၃၀ ဘတ်မှ ၅၀ ဘတ်၊ ကိုက်လန်တစ်ကီလိုလျှင် ယခင် ၃၀ ဘတ်မှ ၅၀-၆၀ ဘတ်၊နံနံပင် တစ်ကီလိုဂရမ်လျှင်ယခင် ၁၀၀ ဘတ်မှ ၁၂၀-၁၃၀ ဘတ်၊ သခွားသီတစ်ကီလိုဂရမ်လျှင်ယခင် ၂၀ ဘတ်မှ ၂၅-၃၀ ဘတ် အသီးသီးခုန်တက်သွားသည်ဟု အသက် ၄၈ နှစ်ရှိဟင်းသီးဟင်းရွက်ရောင်းချနေသူတစ်ဦးက ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS