3 May 2024

,

မန်စီးတီးအသင်းနဲ့လီဗာပူးအသင်းတို့သာ ပရီးမီးယားလိဂ်ချိန်ပီယံဖြစ်နိုင်ခြေအများဆုံးဟု ပေါ စခိုးလ် ဆို။

အင်္ဂလိပ် ပရီးမီးယားလိဂ် ၂၀၂၁-၂၀၂၂ ရာသီချန်ပီယံနေရာကို မန်းစီးတီးအသင်း ဒါမှမဟုတ် လီဗာပူးအသင်းဆွတ်ခူးဖို့ ဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်လို့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ပေါ စခိုးလ်က ဟောကိန်းထုတ်လိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ ချယ်ဆီးအသင်းကအမှတ်ပေးဇယားကိုဦးဆောင်ထားပေမဲ့ ပေါ စခိုးလ်ကတော့ တူချယ်ရဲ့အသင်းဟာခြေစွမ်းထက်နေပေမဲ့ ချန်ပီယံနေရာကိုတော့ မန်ချက်စတာ စီးတီးအသင်း နဲ့ လီဗာပူးအသင်းတို့ကို အသားပေးထားပါတယ်။

“အိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးအနိုင်ရသွားတဲ့ခြေစွမ်းကိုတွေ့ရတဲ့နောက် မန်စီးတီးကိုစိုးရိမ်စိတ် ဖြစ်စေမယ်လို့ ကျတော်ထင်ပါတယ်” ဆိုပြီး စခိုးလ်ကဆိုပါတယ်။

“ချယ်ဆီးလား….ကျနော်အတိအကျမပြောနိုင်ဘူး ကျတော်ထင်ထားတာထက်သူတို့ခြေစွမ်းကောင်းနေတယ်။ ဒါပေမဲ့ ချန်ပီယံနေရာကိုတော့ မန်စီးတီးနဲ့လီဗာပူးသာ လုရမယ်လို့ကျနော်ထင်ပါတယ်” ဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS