29 April 2024

—————————————-

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁

 

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံအတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမယ့်သူတွေကို ထိုင်းစစ်တပ်က အောက်တိုဘာလ ၁၈ ရက်က စတင်ပြီး လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။

 

မဲဆောက်-မြဝတီ သောင်ရင်းမြစ်တလျှောက် မြန်မာနိုင်ဘက်ကနေ့ ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ကူးဖြတ်နိုင်တဲ့ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ် ကြောက်ခက်တိုက်နယ်မှာ ၂၄ နာရီ လုံခြုံရေးတင်းကျပ်အောင်စောင့်ကြည့်နေတယ်လို့သိရပါတယ်။

 

မြဝတီခရိုင်နဲ့ တာခ်ရိုင် နယ်စပ်မှာ လုံခြုံရေးတွေတင်းကျပ်မှုရှိနေပေမဲ့ လူမှောင်ခိုနဲ့ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရတဲ့သတင်းတွေ တွေ့နေရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

Ref: DVB News

SHARE THIS NEWS

OTHER NEWS