26 April 2024

မွေးကင်းစ ကလေးငယ်တစ်ဦႊကို ချက်ကြိုးနဲ့ ရေမြွှာအိတ်နဲ့အတူလက်ဝှေ့အားကစားရုံ တည်ဆောက်ရေး အဆောက်အအုံ ဒုတိယထပ်တွင် စွန့်ပစ်ခဲ့သည်ကိုတွေ့ရ။
ထိုင်းအားကစားအာဏာပိုင်အဖွဲ့၀င်(၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်) ဒု-စုံစမ်းစစ်ဆေးရေးမှူး ဆန်းပါကွန် နူကန်၊ ဟွာမခ ရဲစခန်းက မွေးကင်းစ ကလေးကို တွေ့ရှိကြောင်း အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။ ထိုင်းနိုင်ငံ အားကစား အာဏာပိုင်အဖွဲ့ (SAT)၊ ဘန်ကောက်မြို့၊ Hua Mak ခရိုင်၊ Bang Kapi ခရိုင်အတွင်း၌ ထိုကလေႊကစွန့်ပစ်ခံခဲ့ရပြီး တာ၀န်ရိသူတို့ကစစ်ဆေးရန် သွားရောက်ခဲ့သည်။ Por Teck Tung ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် Rama Hospita မှ ဆရာဝန်များနှင့်အတူ အခင်းဖြစ်ပွားရာနေရာလက်ဝှေ့အားကစားရုံတည်ဆောက်ရေး အဆောက်အအုံခန်းမဆောင်ဖြစ်သည့် ဒုတိယထပ်တွင် အဆိုပါကလေႊငယ်အလောင်ႊကို ဓာတ်မြေသြဇာအထုပ်ထဲတွင် တွေ့ရှိခဲ့ပါတယ်။ခြေအိတ်တစ်စုံနှင့် ရင်သွေးငယ်တစ်ဦး၏ ခန္ဓာကိုယ်တွင်ချက်ကြိုးနဲ့ ရေမြွှာအိတ်တစ်ခုပါတွေ့ရှိခဲ့သည်။တခြာႈသော သဲလွန်စ မျာႈကိုစစ်ဆေးရာတွင် မတွေ့ရှိခဲ့ပေ။ ပဏာမ ခွဲစိပ်စစ်ဆေးချက်အရ လွန်ခဲ့သည့် ၅-၆ နာရီအတွင်ႊ သေဆုံးသွားကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ၌ အထောက်အထားများကို ကနဦး စုဆောင်းခဲ့သည်။ အဆောက်အအုံ၏ ဆောက်လုပ်ရေးလုပ်သားများအပါအဝင် အလောင်းတွေ့ရှိသူအား စစ်ဆေးမေးမြန်းဆဲဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာအနီးရှိ CCTV ကင်မရာများနဲ့ အနီးပတ်ဝန်းကျင်ရှိလူမျာႈကိုလည်ႊ စစ်ဆေႊမေႊမြန်ႊခဲ့သည်။ ကလေးကို စွန့်ပစ်ခဲ့သူကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန်စုံစမ်ႊနေကြောင်ႊသိရသည်။

SHARE THIS NEWS

OTHER NEWS