14 May 2024

စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

 

အများပြည်သူကိုလိမ်လည်ရန်ရည်ရွယ်ချက်ဖြင့်ပို့လာသော တရားမဝင်စာအိတ်များကို ဘလော့ခ်ရန် ဖုန်းအော်ပရေတာများကို ထိုင်းအစိုးရညွှန်ကြား။

 

အများပြည်သူကိုလိမ်လည်ရန်ရည်ရွယ်ချက်ဖြင့်ပို့လာသော တရားမဝင်စာအိတ်များကို ဘလော့ခ်ထားရန် ဖုန်းအော်ပရေတာလေးခုစလုံးကို ထိုင်းအမျိုးသားရုပ်သံနှင့်ဆက်သွယ်ရေးကော်မရှင် The National Broadcasting and Telecommunication Commission (NBTC) က ယနေ့နေ့လယ်ပိုင်းတွင် ဗီဒီယိုကွန်းဖရင့်အစည်းအဝေးမှတဆင့် ညွှန်ကြားထားသည်ဟု NBTC ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

 

ဘလော့ခ်လုပ်ရန်ညွှန်ကြားခံထားရသည့် စာအိတ်များတွင် လောင်းကစားစာအိတ်၊ ငွေးတိုးချစားသည့်စာအိတ်၊ အွန်လိုင်းချေးငွေစာအိတ်နှင့်ညစ်ညမ်းရုပ်သံစာအိတ်များပါဝင်သည်ဟု ဖော်ပြထားသည်။

 

အွန်လိုင်းလောင်းကစားဝဘ်ဆိုက်နှင့်ညစ်ညမ်းရုပ်သံဝဘ်ဆိုက်အပါအဝင် မသမာသည့်စာအိတ်အတုများ ကိုတင်းတင်းကျပ်ကျပ်စစ်ဆေးပြီးချက်ချင်းဘလော့ခ်ပစ်ရန်နှင့်ဖုန်းအော်ပရေတာအချင်းချင်းအချက်အလက်မျှဝေရန်၊ အဆိုပါ စာအိတ်ပို့သည့်နံပါတ်ကိုအော်ပရေတာအားလုံးကတညီတညွတ်တည်း အမည်ပျက်စာရင်း Blacklist သွင်းရန် ထပ်လောင်းညွှန်ကြားထားသည်ဟု NBTC ၏ယာယီအထွေထွေအတွင်းရေးမှူး တြိုင်ရတ် ဝိရိယစီရီကွန် ကဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS