4 May 2024

ဧပြီလကနေစပြီး ထိုင်းနိုင်ငံရဲ့ ကိုဗစ်တတိယလိုင်းက စတင်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ် ပထမလိုင်းနဲ့ ဒုတိယလိုင်းမှာ ကူးစက်ခံရသူသောင်းဂဏန်းလောက်သာရှိပြီး သေဆုံးသူလဲ ရာဂဏန်းလောက်သာရှိလာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေကတောင် ထိုင်းနိုင်ငံသည် ကိုဗစ်ထိန်းချုပ်ကိုယ်တွယ်ရာမှာ အတုယူစရာနိုင်ငံအဖြစ် ဖြစ်လာခဲ့ပါတယ်။

 

ဒါပေမဲ့ ဒီလိုချီးမွမ်းခံရပြီးတဲ့ လအနည်းမှာပဲ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ထောင်းလော်လမ်းမှာရှိတဲ့ နာမည်ကြီး ကလပ်တစ်ခုကနေပြီး ထိုင်းနိုင်ငံရဲ့ ကိုဗစ်တတိယလိုင်းကို အစချီကူးစက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ထိုင်းနှစ်သစ်ကူး သက်ြန်ပွဲတော်ကာလအတွက် ကျင်းပဖို့အားလုံးပြင်ဆင်ထားတဲ့အချိန်အနေပါ။ ပြီးတော့ ပွဲတော်ကိုမကျင်းဘဲ တစ်နှစ်ထပ်ပြီးပိတ်ထားဖို့ အစိုးရအစည်းအဝေးမှာ ထင်မြင်ချက်ကွဲလွဲမှုတွေဖြစ်လာခဲ့ပါတယ်။

 

ထိုင်းအစိုးရကလဲ နှစ်သစ်ကူးသက်ြန်ပွဲတော်ကာလကို သတ်မှတ်ချက်တစ်ခုအောက်မှာ ကျင်းပခွင့်ပြုလိုက်ပါတယ်။ ထိုနောက်မှာတော့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုတွေဟာ အရှိန်အဟုန်မြင့်တက်လာပြီး။ နေ့စဥ်ကူးစက်သူ ၂ သောင်းကျော် သေဆုံးသူ ၁၀၀-၃၀၀ ကျော်သည်ရှိဖြစ်လာခဲ့ပါတယ်။

 

စက်တင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်တတိယလိုင်းရဲ့ ၆ လဝန်းကျင်မှာ ကူးစက်သူစုစုပေါင်း ၁၄၈၉၄၈၆ ဦးအထိ၊ သေဆုံးသူ ၁၅၄၆၉ ဦီးရှိလာပါတယ်။ နေ့စဥ်ကူးစက်လူနာသစ်က ၁၂၇၀၉ ဦီးပါ။ လျော့ကျလာတယ်လို့ ဆိုလိုရပါတယ်။ စိတ်ချလို့ရတဲ့အခြေအနေမှာတော့မရှိသေးဘူး။

 

ပြီးတော့လက်တလောထိုင်းနိုင်ငံရဲ့ အကျဘက်မှာဦးတည်နေတဲ့စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ ခရီးသွားလုပ်ငန်း၊ ပြည်ပဝင်ရောက်လည်ပတ်သူ၊ ပြည်တွင်းခရီးသွားလုပ်ငန်းတွေလဲ ပြန်လည်ဖွင့်ပေးဖို့အစိုးရဘက်က ဆေင်ရွက်လာနေပြီး။ ထိုင်းနိုင်ငံသားတွေကိုလဲ နှစ်ကုန်ပိုင်းလောက်အထိ ကိုဗစ်ကာကွယ်ရာနှုန်းပြည့်ထိုးနှံပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကလဲ ပြောသွားခဲ့ဖူးပါတယ်။

 

ထိုင်းနိုင်ငံဟာ ကိုဗစ်ကိုတကယ်ထိန်းချုပ်နိုင်ပြီလား၊ ခရီးသွားလုပ်ငန်းနှင့်ပြည်ပခရီးသွားလုပ်ငန်းပြန်လည်လက်ခံတော့မှာလားဆိုတာတော့ တိကျတဲ့ထုတ်ပြန်ချက်တွေမရှိသေးပေမယ့်။ ဖြစ်လာနိုင်ခြေများတယ်လို့ ပညာရှိတချို့ကဆိုသည်။

 

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS