28 April 2024

နိုဝင်ဘာလ ၂၉ ရက် နေ့က နခွန်ပထုမ်ခရိုင်ရှိ အင်ဂျင်ဝိုင်သိုလှောင်ရုံ မီးလောင်ဖြစ်စဉ်မှာ မီးရှို့ခဲ့သူဟာ အဲဒီအလုပ် ရုံထဲမှာပဲ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်နေပါတယ်။

 

ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသမီး “စီရာစီနိ” အသက် ၂၈ နှစ်ကို CCTV ကင်မရာထဲမှာ အင်ဂျင်ဝိုင်တွေကို မီးရှို့နေတာ တွေ့ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ သူမကိုယ်တိုင်ကလည်း မီးရှို့ခဲ့တဲ့သူဖြစ်ကြောင်းဝန်ခံပါတယ်။

 

မီးရှို့ဖို့ထိ ရည်ရွယ်ခဲ့ရတဲ့ အကြောင်းအရင်းကို မေးမြန်းကြည့်ရာ မကြာခဏ ပြစ်တင်ပြောဆို လေ့ရှိတဲ့ အလုပ်ရှင်ကို စိတ်ဆိုးပြီး မီးရှို့ခဲ့တာဖြစ် ကြောင်း သူမက ပြောပါတယ်။

 

 

ပြစ်မှုကျူးလွန်သူ“စီရာစီနိ” အသက် ၂၈ နှစ်

 

နခွန်ထုမ်ခရိုင် အင်ဂျင်ဝိုင်သိုလှောင်ရုံ မီးလောင်မှုဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့က မီးကိုထိန်းနိုင်ရန် ၄ နာရီခန့်ကြိုးစားငြိမ်းသတ်ခဲ့ရပါတယ်။ ဆုံးရှုံးမှုပျမ်းမျှ ဘတ်သန်း ၄၀ ခန့် ရှိခဲ့ပြီး လူနေအိမ် ၁၀ လုံး မီးကူး ခဲ့ရတယ်လို့သိရပါတယ်။

 

SHARE THIS NEWS

OTHER NEWS