3 May 2024

လွန်ခဲ့တဲ့ ရက်အနည်းက စျေးဝယ်လာရင်း လည်ပင်းမှာဆွဲထားတဲ့ ရွှေဆွဲကြိုး ၃ ကျပ်သားကို ဆိုင်ကယ်သမားတစ်ယောက်ကအနောက်ကနေ ဆွဲယူပြီးဆိုင်ကယ်နဲ့ ထွက်ပြေးသွားပါတယ်။ ဆွဲကြိုးပိုင်ရှင်အမျိုးသမီးက လုံခြုံရေးကင်မရာ (CCTV) သက်သေနဲ့ နီးစပ်ရာရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်။ နောက်ပြီး ဆွဲကြိုးလုသွားတဲ့ အမျိုးသားရဲ့ဝတ်စားဆင်ယင်ထားတဲ့ပုံစံကိုခန့်မှန်းပြီး တရားခံဟာထိုင်းနိုင်ငံသားမဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံသားဖြစ်နိုင်ကြောင်း သတင်းထောက်ကို ပြောခဲ့ပါတယ်။

 

 

အခင်းဖြစ်ပြီး ၃ ရက်နေ့မြောက်မှာတော့ စက်တင်ဘာ ၂ ရက်နေ့ ၂၀၂၁ စီရာချာမြို့နယ်ရဲစခန်းက တရားခံကိုသက်သေခံပစ္စည်းရွှေဆွဲကြိုးနဲ့ အမည် နိုင်ကျာရစ် (သို့) အာယို့ ဖိုကလင် အသက် ၃၀ နှစ်ကို ဖမ်းဆီးထားတဲ့အကြောင်းကို သတင်းစာရှင်းလင်းခဲ့ပါတယ်။ အပြာရောင် Wave ဆိုင်ကယ်နံပါတ်မရှိ၊ ပစ္စည်းလုရပြီးတာနဲ့ တရားခံဟာ အဝတ်အစားလဲပြီးထွက်ပြေးသွားတာပါ။ တရားခံဟာ စတ်စွန်ဘွန်းကျေးရွာအုပ်စု၊ လန်ဆုန်ထိမြို့နယ် လွတ်ဘူရီခရိုင်မှာရှိတဲ့ ဆွေမျိုးများထံ ထွက်ပြေးသွားတာဖြစ်တယ်လို့ ရဲစခန်းကပြောပါတယ်။

 

 

အာယို့ ဖိုကလင် အသက် ၃၀ နှစ်က သူကိုယ်တိုင်ကျူးလွန်တာအမှန်ဖြစ်ကြောင်း လောင်းကစားမှာငွေလိုလို့ ရှာကြံမရ ဖြစ်နေတာနဲ့ ကျူးလွန်ရတာဖြစ်ကြောင်း ချွန်ဘူရီခရိုင် စီရာချာမြို့နယ်ရှိ ရဲစခန်းမှာ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ ศรีราชานิวส์ Thai/Post

SHARE THIS NEWS

OTHER NEWS