1 May 2024

ဓာတ်ပုံ เชียงใหม่นิวส์

 

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၁

 

ဘိန်းစာရွက်ဝါးစားခြင်းဖြင့် မူးယစ်ဆေးဖြတ်မည့်စီမံချက်အတွက် ပတ္တာနီမူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးဂေဟာရှိ မူးယစ်ဆေးဖြတ်မည့်သူ ၄၀ ဦးကို စေတနာ့ဝန်ထမ်းအဖြစ်ခေါ်ယူ။

 

ဘိန်းစာရွက်တစ်ကြိမ်ဝါးစားလျှင် ဆေးသုံးစွဲလိုသည့်စိတ်ကို ၅ နာရီအကြာဟန့်တားထားနိုင်သည်ဟုမူးယစ်ဆေးသုံးစွဲသူများထံမှသိရှိရပြီးနောက် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တာနီခရိုင်ရှိ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရးဂေဟာရှိ မူးယစ်ဆေးဖြတ်မည့်သူ၄၀ ဦးကိုစေတနာ့ဝန်ထမ်းအဖြစ်ခေါ်ယူပြီး သူတေသနပြုလုပ်မည်ဟု ထိုင်းတရားရေးဝန်ကြီး ဆွမ်းစတ်ထေ့စူထင် ကဆိုသည်။

 

စေတနာ့ဝန်ထမ်းများအား ဘိန်းစာရွက် ၂ ရွက်ကို ၈ မိနစ်ကြာဝါးစားစေပြီးနောက် ၁ နာရီအကြာတွင် EKG ပြားကို လက်ကောက်ဝတ်တွင်ကပ်ပြီး ဉီးနှောက်အလုပ်လုပ်ပုံကိုတိုင်းတာမည်ဟု ဆိုသည်။

 

စုန်းခလားနခရင်တက္ကသိုလ်ရှိ ဘိန်းစာရွက်၏ဉီးနှောက်အလုပ်လုပ်မှုအပေါ်သက်ရောက်မှုသုတေသနအဖွဲ့မှ ကြွက်ဖြင့်စမ်းသပ်ရာတွင် စိတ်ဝင်စားဖွယ်ရလဒ်ကိုရရှိခဲ့သည်ဟု ဝန်ကြီးက ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS