25 April 2024

,

■ဘာစီလိုနာအသင်းရဲ့ ကြွေးမြီပြဿနာဟာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ကလပ်ဥက္ကဌဖြစ်တဲ့ လာပေါ်တာက နှစ်နာရီကျော်ကြာမြင့်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

လာပေါ်တာဟာ အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီအသင်းနဲ့လမ်းခွဲခဲ့ရတာဟာ အသင်းဥက္ကဌဟောင်း ဖြစ်တဲ့ ဘာမြူတိုရဲ့ ဆုံးဖြတ်ချက်တွေနဲ့လုပ်ဆောင်ချက်တွေဟာအဓိက ကျခဲ့ကြောင်းနဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ မှားယွင်းခဲ့တယ်လို့ ပြစ်တင်ဝေဖန်သွားခဲ့သလို လက်ရှိ အသင်းရဲ့ကစားသမား တွေရဲ့လစာကိုပေးချေနေရမှုဟာ အသင်းဝင်ငွေအချိုးနဲ့ဆိုရင် ၁၀၃ ရာခိုင်နှုန်းထိရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီလို မျိုး လာပေါ်တာရဲ့ ထုတ်ဖော်ပြော ကြားခဲ့မှုကြောင့် တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေအပါအဝင် အားကစားလောကမှာ အံ့ဩသွားကြရပြီးတော့ လက်ရှိဘာစီလိုနာအသင်းတင်ရှိနေတဲ့ အကြွေးမြီ တွေဟာ စံချိန်တင်အဖြစ် ပေါင် ၁ဒဿမ ငါးဘီလျံအထိ တင်ရှိနေတာဖြစ်ပါတယ်။

လာပေါ်တာ က “ကျွန်တော့်တို့အသင်းရဲ့ ဝင်ငွေရဲ့ ၁၀၃ ရာခိုင်နှုန်းလောက်က အသင်းရဲ့ ကစာသမားတွေကို လစာကိုပေးချေနေရတာပါ ဒါဟာ ကျနော်တို့ပြိုင်ဘက်အသင်းတွေထက် ၂၀-၂၅ ရာခိုင်နှုန်းလောက်ပိုများနေပါတယ်” လို့ ငြီးတွားခဲ့ပါတယ်။

ဒါ့အပြင် လာပေါ်တာက အရင်တာဝန်ယူခဲ့တဲ့ ဘာမြူတိုဟာသူ့ရဲ့ လုပ်ရပ်ကိုတာဝန်ယူရမှာဖြစ်ပြီး လက်ရှိအသင်းအတွက် လစာပေးချေဖို့ကို ချေးငှားရမှာဖြစ်တယ်လို့လည်းဝန်ခံခဲ့ပါတယ်။

” ပထမဆုံးလုပ်ရမှာတော့ ကျွန်တော်တို့ယူရို သန်း ၈၀ လောက်ချေးပြီး ကစားသမားတွေရဲ့လစာကိုပေးချေဖို့ပါ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာလစာငွေပေးချေဖို့တောင်မတတ်နိုင်တော့ပါဘူး အရှေ့က ဦးဆောင်ဦးဆောင်လုပ်ခဲ့တဲ့လူတွေရဲ့လုပ်ရပ်ဟာ အတော်အကျည်းတန်ပြီး အလိမ်အညာတွေအပြည့်ပါပဲ ကျွန်တော်တို့အသင်းဟာ ယူရို ၄၅၁ သန်းထိ ဘဏ္ဍာရေးအရှံးပေါ်နေပါပြီ ဒါဟာ ဆိုးရွားလှတဲ့အမွေပါ။ ဘာတိုမြူရဲ့အိတ်ဖွင့်ပေးစာ ဟာ တရားမျှတမှူမရှိတဲ့စီမံခန့်ခွဲမှူတွေကို အကြောင်းပြဖို့သက်သက်ပါပဲ သူတို့တာဝန်ယူခဲ့တဲ့ မတ်လ ၇ ရက်နေ့ထိ အပြည့်အဝတာဝန်ယူရပါမယ် သူနဲ့ သူ့အဖွဲ့အစည်းလုပ်ခဲ့တဲ့အရာတွေအတွက် ပြေးစရာ လမ်းမရှိပါဘူး”လို့ ဘာစီလိုနာအသင်း ဥက္ကဌဖြစ်သူ လာပေါ်တာက ပြောကြားခဲ့ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS