10 May 2024

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံတွင် စီအိုင်စာအုပ်ထုတ်ပေးရေးရုံး ၅ နေရာဖွင့်လှစ်ရန်နှင့် MoU လုပ်သားခေါ်ယူရန် ပြီးခဲ့သည့်အောက်တိုဘာ ၁၄ ရက်နေ့တွင် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပ။

 

 

ထိုင်းနိုင်ငံတွင် စီအိုင်စာအုပ်ထုတ်ပေးရေးရုံး ၅ နေရာဖွင့်လှစ်ရန်အတွက် ပြီးခဲ့သည့်အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁၃.၃၀ နာရီအချိန်တွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဗီဒီယိုကွန်းဖရင့်မှတဆင့်နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ချိုတစ်စထီးယန်း ဦိးဆောင်သည့်ထိုင်းကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆွေးနွေးခဲ့သည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ပြန်ကြားရေးဌာနလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

 

ထို့ပြင် ဗန်ကောက်အခြေစိုက်မြန်မာအလုပ်သမားသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသူရိန်လင်းဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လည်းတက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

 

အဆိုပါ အွန်လိုင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံအတွင်း (Certificate of Identity: CI) စီအိုင်စာအုပ်ထုတ်ပေးရုံး ၅ နေရာဖွင့်လှစ်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေအတွင်း MoU လုပ်သားခေါ်ယူရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS