29 April 2024

,

ပက် ဒေါကန်!! လီဗာပူးလ်ပွဲသရေကျပြီးနောက် မန်ယူကိုပုတ်ခတ်ခဲ့

မန်စီးတီးနည်းပြကြီး ပက် ဂွာဒီယိုလာကတော့ မာန်မလျှော့သေးပါဘူး။ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့

တဲ့ ပြီးခဲ့တဲ့စူပါဆန်းဒေးပွဲစဉ်မှာ လီဗာပူးကိုနောက်ကနေဂိုးလိုက်သွင်းနိုင်ခဲ့ပြီး အန်းဖီးလ်မှာ ၂-၂ ဂိုးနဲ့

သရေကျခဲ့တဲ့နောက် မာန်မလျှော့သေးဘဲ ထုံးစံအတိုင်းမြို့ခံမဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းကို ပုတ်ခတ်သွားခဲ့ပါတယ်။

ဟေတီဟတ် စတေဒီယမ်ကသူကြွယ်ကြီးဟာ ဟင်္သာနီကိုအဝေးကွင်းမှာတောင်ပံမရိုက်ချိုးနိုင်ခဲ့ပါ

ဘူး။ ပွဲစဉ်တစ်ခုလုံးအနေနဲ့ နွားရိုင်းသွေးနည်းပြအသင်းကအနည်းငယ်ခြေသာပေမဲ့ ဂိုးအရင်ခွင့်ပြု

လိုက်ရတဲ့နောက်မှာ ကံကောင်းထောက်မလို့ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ၁ မှတ်စီခွဲယူခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နည်းပြကီး ပက် ဂွာဒီယိုလာတစ်ယောက် ရက်ဒ်မရှီးန်အသင်းရဲ့ဘက်စုံသုံးကစား

သမား ဂျမ်းစ် မီနာ အနီကပ်ကနေလွတ်မြောက်သွားတာကို မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ သူဟာပြင်း

ထန်တဲ့ဖောင်းဘောနှစ်ကြိမ်ကျူးလွန်ခဲ့ပေမဲ့ ခရာမှုတ်တဲ့လူကြီးမင်းကဒုတိယအဝါကတ်ပေးဖို့တွန့်

ဆုတ်နေခဲ့ပါတယ်။ မန်စီးတီးရဲ့ကြယ်ပွင့်ကစားသမားဟောင်းတစ်ဉီးဖြစ်တဲ့ ဂျိမ်းကို ဂျာမန်နည်းပြ ကလော့ပ်က ပွဲကြိမ် ၇၈ မိနစ်မှာ ဂျိုး ကိုမက်နဲ့လူစားလဲခဲ့ပါတယ်။

အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းရဲ့အိမ်ကွင်းဟာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ်

ဖိအားဖြစ်စေတယ်လို့ စကင်းဟက်နည်းပြကြီးက ပွဲအပြီးမှာ မီဒီယာတွေကိုဖြေကြားခဲ့ပြီး မြို့ခံပြိုင်

ဘက် မန်ယူနိုက်တက်ကို ပါးပါးလေးပုတ်ခတ်သွားခဲ့ပါတယ်။

“အဝါကတ်ပေးကိုပေးရမှာ အထင်းကြီးပါ အန်ဖီးလ်ဖြစ်နေလို့ အိုးထရတ်ဖို့ဒ်ဖြစ်နေလို့ ငါတို့သာဆိုရင် မန်စီးအသင်းသားထုတ်ခံရမှာသေချာတယ် မျက်ဝါးထင်ထင်ကြီးပါ နှစ်ဝါဖြစ်ရမယ်” ဆိုပြီး ဖီးလ် ဖိုဒန်ကိုခပ်ကြမ်းကြမ်းကစားခဲ့တဲ့ ဂျိမ်း မီနယ် မယုံနိုင်လောက်အောင်နှစ်ဝါတစ်နီအပြစ် ပေးမှုကနေလွတ်မြောက်သွားတာကို မန်စီးနည်းပြကြီးက မကျေမနပ်ထောက်ပြသွားပါတယ်။

SHARE THIS NEWS

OTHER NEWS