14 May 2024

ဒီဇယ်ဈေးနှုန်းမြင့်မားမှုကြောင့် ထိုင်းနိုင်ငံတဝန်းရှိကုန်တင်ယာဉ်မောင်းအသင်း ၁၀ သင်း စွမ်းအင်ဝန်ကြီးဌာနရုံးရှေ့ စုရုံးဆန္ဒပြ။

 

ထိုင်းနိုင်ငံတွင် ဒီဇယ်ဈေးနှုန်းမြင့်မားနေ၍ ယနေ့နေ့လယ်ပိုင်းတွင် နိုင်ငံတဝန်းရှိ ကုန်တင်ယာဉ်အသင်း ၁၀ ကျော်စုရုံးပြီး ကုန်တင်ယာဉ်အစီးရေ ၅၀၀ ပါဝင်သည့်ယာဉ်တန်းဖြင့် Truck Power Season2အမည် ဖြင့် ဝိဖာဝဒီရန်စစ်လမ်းကြီးအတိုင်း စွမ်းအင်ဝန်ကြီးဌာနရုံးရှေ့သို့ချီတက်လာကြသည်ဟု ထိုင်းရတ် သတင်းဌာနတွင် ဖော်ပြထားသည်။

 

ဒီဇယ်ဈေးနှုန်းကို ၁ လီတာ ၂၅ ထက်မပိုသည့်နှုန်းထားသတ်မှတ်ပေးရန် ပထမတစ်ကြိမ်ဆန္ဒပြတောင်းဆိုရာတွင် ထူးခြားမှုမရှိ၍ ဒုတိယတကြိမ်ထပ်မံဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS