11 May 2024

Vape ဆေးရည်တွေကို ကား ၂ စီးနဲ့သယ်လာတဲ့ ထိုင်းလူငယ် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ချွန်ဖော်ခရိုင်အဝင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့သတင်းမှာဖေါ်ပြထားပါတယ်။

 

ဖမ်းဆီးရမိခဲ့တဲ့ တရားခံ ၂ ဦးဟာ အဲဒီ Vape juice (လျှပ်စစ်ဆေးလိပ်ဆေးရည်) ဘူးပေါင်း 48,600 ကျော်ကို ဖစ်ဘူရီခရိုင်က ကုန်သယ်တစ်ဦးထံ သွားရောက် ပေးပို့ဖို့ သယ်ယူခဲ့တာလို့ထွက်ဆိုပါတယ်။

 

 

 

 

ဖမ်းဆီးရမိခဲ့တဲ့ Vape ဆေးရည်စုစုပေါင်းဟာ ကာလတန်ကြေး ဘတ် ၇ သန်းခန့်ရှိတယ် လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

 

Vape လို့ခေါ်တဲ့ လျှပ်စစ်ဆေးလိပ်ဟာ ထိုင်းနိုင်ငံမှာ တရားမဝင်ပါဘူး။ လက်ဝယ်ထားရှိသူဟာ ထောင်ဒဏ် ၅ နှစ်၊ ဒဏ်ငွေ ၅ သိန်း သို့မဟုတ် ၂ ရပ်လုံးကျခံရနိုင်တယ်လို့ ဥပဒေမှာဖေါ်ပြ ထားပါတယ်။

 

ဒါပေမယ့်လည်း ညဈေးတွေမှာ တွင်တွင်ကျယ်ကျယ် ဝယ်ယူလို့ရနေတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့တစ်လျှောက် Vape နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကိုဖမ်းဆီးမိတာ ဒီတစ်ခေါက် အများဆုံးလို့ဆိုနိုင်ပါတယ်။

 

ထိုင်းအစိုးရဟာ ဆေးလိပ်အခွန်ကိုမြှင့်တင်ဦးမယ်လို့ သတင်းထွက်ရှိလာပြီးတဲ့နောက် ဆေးလိပ်နဲ့ပတ်သက်တဲ့ တရားမဝင်ပစ္စည်းတွေကို ဖမ်းဆီးနေတာဖြစ်ပါတယ်။

 

SHARE THIS NEWS

OTHER NEWS