4 May 2024

ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ကားသုံးစွဲမှုတွင်ကျယ်လာစေရေးအတွက် အီးဝီတစ်စင်းလျှင် ဘတ် ၈ သိန်းအထိ သက်သာစေမည့် စီမံကိန်းကို ဇန်နဝါရီ ၁ ရက်နေ့ စတင်မည်။

 

ပြည်သူများအတွက်နှစ်သစ်ကူးလက်ဆောင်အနေဖြင့် လာမည့် ဇန်နဝါရီ ၁ ရက်နေ့မှစပြီး လျှပ်စစ်မော်တော်ကား (EV) များကို ဘတ် ၅ သိန်း မှ ၈ သိန်းအထိသက်သာစေမည့်စီမံကိန်းကို ထိုင်းအစိုးရမှ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

 

ယင်းစီမံကိန်းအရ ဘတ် ၂ သန်းအောက်တန်ဖိုးရှိအီးဝီများကို တင်သွင်းခွန် ၄၀ ရာခိုင်နှုန်း၊ ယစ်မျိုးအခွန် ၂ ရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့်ရရှိမည်ဖြစ်ပြီး အစိုးရထောက်ပံ့ငွေ ဘတ် ၁၅၀,၀၀၀ ရရှိမည်ဟု သိရသည်။

 

ဘက်ထရီအား 30 kWh အောက်လျှပ်စစ်မော်တော်ကားများအတွက် ထောက်ပံ့ကြေးဘတ် ၇ သောင်းရရှိမည်ဖြစ်ပြီး ဘက်ထရီအား 30 kWh အထက်ရှိအီးဝီများအတွက်ထောက်ပံ့ကြေး ဘတ် ၁ သိန်း ၅ သောင်းရရှိမည်။

 

တန်ဖိုး ဘတ် ၂ သန်းအထက်ရှိ အီဝီများကိုလည်း တင်သွင်းအခွန် ၄၀ ရာခိုင်နှုန်း၊ ယစ်မျိုးအခွန် ၂ ရာခိုင်နှုန်းဖြင့်တင်သွင်းခွင့်ရမည်ဟု ဆိုသည်။

 

ထို့ကြောင့် တန်ဖိုး ဘတ် ၁ သန်း ၉ သိန်းရှိ ဂျပန်အီးဝီတစ်စင်းတင်သွင်းလျင် ယခင်က သွင်းခွန် ၂၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်သော်လည်း သုညရာခိုင်နှုန်းဖြင့်တင်သွင်းခွင့်ရမည်ဖြစ်သည်။ ယခင်သတ်မှတ်ထားသည့်ယစ်မျိုးအခွန် ၈ ရာခိုင်နှုန်းကိုလည်း ၂ ရာခိုင်နှုန်းဖြင့်တင်သွင်းခွင့်ရမည့်အပြင် ထောက်ပံ့ကြေး ဘတ် ၁ သိန်း ၅ သောင်းရရှိမည်ဟု ဖော်ပြထားသည်။

 

ယင်းစီမံကိန်းကြောင့် အီးဝီတစ်စင်းလျှင် ဘတ် ၅ သိန်းမှ ၈ သိန်းအထိသက်သာသွားမည်ဖြစ်ပြီး စီမံကိန်းမှထောက်ပံ့ငွေကို အစိုးရကမော်တော်ကားတင်သွင်းရောင်ချသူထံပေးအပ်မည်ဖြစ်ကာ ထိုမှတဆင့် ပရိုမိုးရှင်းဖြင့်ရောင်းချသွားမည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS