2 May 2024

,

အခြားသူတွေရဲ့အကြောင်းကို ပိုမိုသိရှိဖို့ ၁၂ ရာသီခွင်တို့၏ အကျင့်စရိုက်ဆိုး တွေကို လေ့လာကြည့်လိုက် ကြရအောင်…ကြိုတင်သိထားတော့ သူတို့မကြိုက် တဲ့အရာတွေကို ရှောင်ရှားလို့ရတာပေါ့နော်…

ဓနုရာသီဖွား ဒီဇင်ဘာလ ၁၆ ရက်မှ ဇန်န၀ါရီလ ၁၅ ရက်တွင်းမွေးသူများ

ဓနုရာသီဖွား တို့က လူတစ်ကာကိုလွယ်လွယ်နဲ့ယုံကြည်တတ်တယ်… အကောင်းမြင်စိတ်များတယ်။ သူတို့ယုံတဲ့အရာတစ်ခု ဆိုရင် မျက်စိမှိတ်နားပိတ်ပြီးယုံတတ်တဲ့အကျင့်ရှိတယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက်က သူတို့အတွက်ကြီးမားတဲ့ အရာ ဖြစ်တယ် ဒါကြောင့် အစီစဉ်ကြိုဆွဲလေ့မရှိဘူး။ သဘောထားကျဉ်းမြောင်းပြီး သူများတွေက သူ့ကိုမကောင်းတဲ့အမြင်နဲ့ကြည့် ရင်မကြိုက်ကြဘူး။ တစ်ခါတစ်ရံမှာ သူတို့မကြိုက်တဲ့အရာတွေကို အရှေ့မှာလာပြီး နှိုးစွနေရင် လက်ရှိအခြေအနေကို ဂရုမစိုက်ဘဲ ပြင်းပြင်းထန်ထန် ပြန်ပြီးပြုမူတတ်ကြပါတယ်။

မကာရရာသီဖွား ဇန်န၀ါရီလ ၁၅ ရက်မှ‌ ဖေဖေါ်၀ါရီလ ၁၂ ရက်တွင်းမွေးသူများ

မကာရရာသီဖွားတွေက တစ်ခုခုလုပ်တော့မယ်ဆိုရင် ရည်မှန်းချက်ကြီးတယ်…စိတ်အားပြင်းထန်တယ်။ သူတို့မျက်စိရှေ့မှာ မတော်တစ်ရော်လုပ်နေရင်လည်း ကြိုက်တတ်ကြတာမဟုတ်ဘူ။ သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အကြောင်းတစခုခုကို အပြစ်တင်ရန် အကြောင်းအရင်း အမြဲရှာဖွေနေတတ်သူဖြစ်တယ်။ သူ့ကိုယ်သူအထင်ကြီးစိတ်ရှိတယ်…ဘာလုပ်လုပ် သူမှန်တယ်ဆိုပြီး တွေးတတ်တဲ့အကျင့်ဆိုးတွေ သူ့မှာရှိတယ်။ အစွဲအလမ်းကြီးသူဖြစ်တယ်…တစ်ခုခုကြိုက်နှစ်သက်ပြီ ဆိုရင် မရမက ရအောင်ယူလိုတဲ့စိတ်ရှိတယ်။

ကုံရာသီဖွား ဖေဖေါ်၀ါရီလ ၁၃ ရက်မှ‌ မတ်လ ၁၄ ရက်တွင်းမွေးသူများ

ကုံရာသီဖွား တို့ကအပြင်မှာပျော်ပျော်ရွှင်ရွှင်နေတတ်ပေမယ့် စိတ်ထဲမှာတော့ အမြဲအထီးကျန်နေသူဖြစ်တယ်။ သူ့ရဲ့ဖြစ်တည်ပုံကို ရိုက်ချိုးမယ့်စည်းကမ်းတွေကို ဆန့်ကျင်လေ့ရှိတာကြောင့်…အချို့က အပြင်ပိုင်းကိုကြည့်ပြီး  ကြမ်းတမ်းတယ်လို့ တွေးကြပေမယ့် အတွင်းစိတ်က တစ်ကယ့်ကိုနူးညံ့သူတွေပါ။ အာရုံစူးစိုက်မှုများတယ်…စိတ်တိုပြီ ဆိုရင်လည်း မှောင်မိုက်နေတဲ့ မိုးသားပမာ ဘာကိုမှအကောင်းမြင်နိုင်တော့လောက်အောင်စိတ်ကြီးကြတဲ့သူတွေပါ။

မိန်ရာသီဖွား မတ်လ ၁၃ ရက်မှ ဧပြီလ ၁၂ ရက်မွေးသူများ  

မိန်ရာသီဖွား  တို့ကစိတ်ထိခိုက်လွယ်ပါတယ် ဒေါသဖြစ်ပြီဆိုရင် အသံကျယ်လောင်စွာအော်ပြီးမှ စိတ်ဖြေတတ်တာမျိုး။ ပြဿနာတစ်ခုခုဖြစ်တဲ့အခါ ဆုံးဖြတ်ချက် မချရဲတဲ့အထဲမှာပါတယ်။ မိန်ရာသီဖွားတို့က စိတ်ကူးယဉ်ကမ္ဘာထဲမှာနေတာ ကိုကြိုက်နှစ်သက်ကြတယ်။ အပေါင်းအသင်းတွေမရှိဘဲ တစ်ယောက်တည်းနေတာဟာ သူတို့အတွက် အရမ်းလွတ်လပ် သလိုခံစားရတဲ့သူတွေပါ။

မိဿရာသီဖွား ဧပြီလ ၁၃ ရက်မှ မေလ ၁၄ ရက်မွေးသူများ  

မိဿရာသီဖွား  တို့ရဲ့ပင်ကိုယ်စရိုက်ကိုက စိတ်မရှည်တာပါ စိတ်မြန်ပြီး သည်းခံနိုင်စွမ်းနည်းပါတယ်။ စိတ်တိုလွယ်ပြီး တစ်ကိုယ်ကောင်းဆန်သူဖြစ်တယ်။ သူလုပ်တာအမြဲမှန်တယ်လို့ တွေးတတ်ကြတယ်။ သူတို့ရဲ့အမိန့်ကို မလိုက်နာရင်လည်း မကြိုက်ကြပြန်ဘူး ပတ်ဝန်းကျင်ကိုလည်း သိပ်ဂရုစိုက်တတ်တာမဟုတ်ပါဘူး။

ပြိဿရာသီဖွား မေလ၁၅ ရက်မှ ဇွန်လ ၁၄ ရက်မွေးသူများ  

ပြိဿရာသီဖွား တို့က ခေါင်းမာတယ် လက်စားချေတတ်တယ် လိုချင်တာကို မရမကယူတတ်တဲ့အကျင့်ရှိပြီး သူတစ်ပါး ကိုငဲ့ငှာဖို့ ဝန်လေးကြတဲ့သူတွေပါ။ စည်းကမ်းကြီးသူဖြစ်ပြီး  သူတို့ကိုအရောတဝင်ပတ်သက်တာကို မကြိုက်နှစ်သက် ကြပါဘူး။ စိတ်ကြီးပေမယ့် စိတ်တိုရင်ခနလေးပျောက်သွားတတ်ကြသူတွေပါ။

မေထုန်ရာသီဖွား ဇွန်လ၁၅ ရက်မှ ဇူလိုင်လ ၁၄ ရက်မွေးသူများ  

မေထုန်ရာသီဖွား တို့က အလုပ်တစ်ခုခုလုပ်ပြီဆိုရင် ငြီးငွေ့လွယ်ကြပါတယ်။ ရှေ့ရေးကိုအမြဲတွေးလေ့ရှိတဲ့သူတွေပါ ဒါပေမယ့်သူတို့မကြိုက်နှစ်သက်တဲ့အရာတွေကို အရှေ့မှာလာလုပ်ပြရင် တစ်စက်လေးတောင်ကြိုက်နှစ်သက်ကြတဲ့ သူတွေမဟုတ်ပါဘူး။ ပျော်ပျော်နေတတ်ကြတယ် သူတို့စိတ်ကိုခန့်မှန်းဖို့အရမ်းခက်ပါတယ်။

ကရကဋ်ရာသီဖွား ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၁၅ ရက်မွေးသူများ 

ကရကဋ်ရာသီဖွား တို့က ဒေါသကြီးပြီး စိတ်တိုလွယ်တယ် အဆိုးမြင်တတ်သူထဲပါဝင်ပြီး အရာရာကို သံသယဝင်နေတတ်သူ ဖြစ်တယ်။ ဒါပေမယ့် လူမှုဆက်ဆံရေးကောင်းတယ်။ ဆုံးဖြတ်ချက်ချဖို့ကို ဝန်လေးသူတွေဖြစ်တယ်။ အလုပ်လုပ်ရင် ပွင့်လင်းမြင်သာမှုသိပ်မရှိတာကြောင့် အပေါင်းအသင်းနည်းတယ်။ တစ်ခါတစ်ရံမှာ သူတို့ရဲ့စိတ်ကို ထိန်းချုပ်မနိုင် ဖြစ်လေ့ရှိပါတယ်။

သိဟ်ရာသီဖွား ရက်မှ သြဂုတ်လ ၁၆ ရက်မှ စက်တင်ဘာ ၁၆ ရက်မွေးသူများ

သိဟ်ရာသီဖွား တို့က လူဝင်မဆံ့ကြဘူး စိတ်တိုလွယ်တယ် သူတို့ကို ကျောတာမကြိုက်ကြဘူး သူတို့ကိုယ်သူတို့ အထင်ကြီး တယ်။ သူတစ်ပါးရဲ့အတွေးအခေါ်ကို လက်ခံသူတွေမဟုတ်ကြဘူး…သူတို့ရဲ့စိတ်ကိုခန့်မှန်းရအင်မတန်ခက်ပါတယ်။

ကန်ရာသီဖွား စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၆ ရက်မွေးသူများ 

ကန်ရာသီဖွား အမြဲတမ်းပွစိပွစိ ပြောနေတတ်သူဖြစ်တယ် သူတစ်ပါးကို ဝေဖန်ရတာနှစ်သက်သူဖြစ်တယ်။ သူတို့ရဲ့စိတ်ကို ထိန်းချုပ်မနိုင်တဲ့အခါ ဝါးလုံးရှည်နဲ့ရမ်းတတ်တဲ့အကျင့်ရှိတာကြောင့် အပေါင်းအသင်း သိပ်မရှိကြဘူး သူတစ်ပါးကို ယုံကြည်မှု လည်းသိပ်မရှိဘူး အကြောင်းပြချက်မရှိဘဲ ခေါင်းမာတတ်သူဖြစ်တယ်။

တူရာသီဖွား အောက်တိုဘာ ၁၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်မွေးသူများ  

တူရာသီဖွား တို့ကဆုံးဖြတ်ချက်ခိုင်မာကြတယ် ပြတ်သားတယ် တစ်ခါတစ်ရံ အခြေအနေများနှင့် လိုက်ရောညီထွေစွာမလုပ် ဆောင်နိုင်တဲ့ အမှန်တစ်ရားကို လက်ကိုင်စွဲထားသူဖြစ်တယ်။ အမျိုးသမီးတစ်ဦးဖြစ်ပါစေ ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိသူတွေ ဖြစ်တယ် သူတစ်ပါးကို အကြွင်းမဲ့ယုံကြည်တတ်တဲ့သူတွေဖြစ်တယ်။

ဗြိစ္ဆာရာသီဖွား နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၁၅ ရက် မွေးသူများ 

ဗြိစ္ဆာရာသီဖွား တို့က ဒေါသထွက်လွယ်တယ် စိတ်ကြီးတယ်။ သူတစ်ပါးကစိတ်တိုအောင်လုပ်မိရင် ပြန်မလုပ်မရမချင်း စိတ်တိုနေတတ်တာမျိုး။ ဘယ်အရာကိုဖြစ်ဖြစ် နုနုဖွဖွ လုပ်တတ်သူတွေမဟုတ်ကြဘူး ခေါင်းမာတယ် လက်စားချေတတ် တယ် အချစ်ကြီးကြတယ်။

လူတွေကအကောင်းနဲ့အဆိုးနဲ့ ဒွန့်တွဲနေကြတာပါပဲ…ဒါပေမယ့် လူသားတွေဟာ သူတစ်ပါးအပေါ် မကောင်းတဲ့အရာတွေကို ပြုမူဖို့အတွက် ဝန်လေးကြပါတယ်။ ဒေါသဖြစ်တဲ့အခါ ဒါမှမဟုတ် ပြဿနာဖြစ်တဲ့အခါ အကြောင်းအရင်းတစ်ခုကို အခြေခံပြီး ဆင်ခြင်တုံးတရားရှိဖို့လိုပါတယ်နော်…မိမိနဲ့ ပေါင်းသင်းဆက်ဆံရမယ့်လူတွေရဲ့ အကျင့်ဆိုးတွေကို သိထားကြပြီဆိုတော့ နောက်ဆို ပြဿနာတွေကို အကြီးကနေ အသေး အသးကနေ ပ ပျောက်တဲ့အထိ ဖြေရှင်းနိုင်တော့မှာပါနော်…

SHARE THIS NEWS

OTHER NEWS