29 April 2024

ဖေ့ဘွတ်ခ်အကောင့်“ตำรวจ ราชบุรี” က အမျိုးသားတစ်ဦီး ဆေးရုံရဲ့ ၅ ထပ်ပေါ်ကနေ အောက်ကိုခုန်ချတယ်။ အောက်မှာရပ်ထားတဲ့ကားပေါ်ကို ကျသွားလို့အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။အခင်းဖြစ်ပွားတဲ့နေရာက ထိုင်းနိုင်ငံ ရာ့ချာဘူရီခရိုင် ရာ့ချာဘူရီဆေးရုံမှာဖြစ်ပါတယ်။ ၅ ထပ်ပေါ်ကနေ ခုန်ချတဲ့ အသက် ၅၁ နှစ်အမျိုးသားတစ်ဦီးက ရွှေ့ပြောင်းလုပ်သားတစ်ဦီးပါ။ (ဘယ်နိုင်ငံသားဟုဖော်ပြမထားပါ) ဗိုက်အောင့်တဲ့ဝေဒနာနဲ့ ဆေးရုံကို လာရောက်ကုသမှုခံယူခဲ့တဲ့လူနာတစ်ဦီးဟု ဆေးရုံတာဝန်ခံက ဆိုပါတယ်။

ပြီးတော့ လူနာရဲ့ဗိုက်အောင့်တဲ့ရောဂါဟာ ခွဲစိတ်ရမယ့်အဆင့်ထိရှိနေပါတယ်။ ထိုကြောင့် ခွဲစိတ်ရက်ကိုမရောက်မီ ကနဦးအနေနဲ့ လူနာဆောင်မှာထားပြီး ကုသမှုပေးခဲ့ပါတယ်။ လူနာက သူ့ကိုသူများလိုက်ပြီးသတ်ဖို့လုပ်နေတယ်လို့ “လူနာပြောတဲ့စကားကို ဆရာဝန်တစယောက်ကပြန်ပြောပြတာပါ”စက်တင်ဘာလ ၁၄ ရက် ညနေ ၂ နာရီအချိန်လောက်မှာ လူနာအမျိုးသားဟာ ဆေးကုသမှုပေးတဲ့နေရာကနေ ရုတ်တရက်ထွက်ပြေးသွားတယ်။ ပြီးတော့ “နှုတ်ကနေပြီး သူ့ကိုသူများလိုက်သတ်နေတယ် (လိုက်နေတယ်) အော်ပြီးပြေးနေပါတယ်” ဆရာဝန်၊ ဆရာမတွေလဲ သူထွက်ပြေးတဲ့ နောက်ကိုလိုက်ပါတယ်။

ထိုနောက် အသက် ၅၁ နှစ်အမျိုးသားဟာ ထွက်ပြေးရင်း ကာရံထားတဲ့နံရံကိုကျော်တက်ပြီး အောက်ကိုခုန်ချသွားခဲ့ပါတယ်။ အသက် ၅၁ နှစ်အမျိုးသား ခုန်ချခဲ့တဲ့နေရာရဲ့အောက်မှာရပ်ထားတဲ့ ခဲရောင်ကားနံပါတ် “กบ 848” ပေါ်ကိုကျသွားတာဖြစ်ပါတယ်။ ကားက အရှေ့မှန်နဲ့ခေါင်မိုးတော့ ပျက်စီးသွားပါတယ်။အသက် ၅၁ နှစ် ရွှေ့ပြောင်းလုပ်သားအမျိုးသားကတော့ အသက်ဘေးက လွတ်မြောက်သွားခဲ့ပြီး၊ ထိခိုက်ဒဏ်ရာတွေတော့ရသွားခဲ့ပါတယ်။ ကနဦးထွက်ရှိလာတဲ့သတင်းအရ အမျိုးသားမှာကိုဗစ်ကူးစက်ခံရလို့ စိတ်ဖိစီးမှုဖြစ်ပြီးခုန်ချတဲ့သတင်းအပေါ် အဆိုပါသတင်းသည်။ မဟုတ်မမှန်သတင်းသာဖြစ်ပြီး၊ အမျိုးသားဟာ ကိုဗစ်လူနာသည်မဟုတ်ကြောင်း ဆေးရုံတာဝန်ရှိသူကဆိုသည်။

 

ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ – ตำรวจ ราชบุรี

SHARE THIS NEWS

OTHER NEWS