3 May 2024

ကြေးစားတပ်သားများ စစ်ကြောင်းပြန်လှည့် တပ်ခေါင်းဆောင် ဘီလာရုဇ်သို့ ခိုလှုံ
.
ဇွန် ၂၆ ရက်၊ ၂၀၂၃
.
ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိရာကို ဦးတည်ချီတက်နေသော Wagner ကြေးစားတပ်သားများ နောက် ကြောင်းပြန်လှည့်သွားခဲ့ပြီး ကြေးစားတပ်ခေါင်းဆောင် Yevgeny Prigozhin မှာ ဘီလာရုဇ်နိုင်ငံသို့ တိမ်းရှောင်ခိုလှုံသွားပြီဟု Nation World က ယမန်နေ့တွင် ဖော်ပြထားသည်။
.
ကြေးစားတပ်သားများက သွေးချောင်းစီးရမည့်ဖြစ်ရပ်ကို မလိုလား၍ စစ်ကြောင်းပြန်လှည့်ခဲ့ခြင်းဖြစ် သည်ဟု အကြောင်းပြချက်ပေးထားပြီး Wagner ကြေးစားတပ်က ရော့စ်တော့ဗ်မြို့ရှိ ရုရှားစစ်ဌာနချုပ် ကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး မြို့တော်မော်စကိုနှင့် ကီလိုမီတာ ၂၀၀ အကွာအဝေးထိ ချီတက်လာမှုနှင့် ပတ်သက်ပြီး ရုရှားဘက်က လွတ်ငြိမ်းခွင့်ပေးသည့်အပြင် နိုင်ငံတော်ပုန်ကန်မှုစွဲချက်ကိုလည်း ရုတ်သိမ်း ပေးခဲ့သည်ဟု ဖော်ပြထားသည်။
.
ကြေးစားတပ်ခေါင်းဆောင်ဖြစ်သူ Yevgeny Prigozhin မှာ ဘီလာရုဇ်သမ္မတ၏ လုံခြုံရေးအာမခံချက် ဖြင့် ဘီလာရုဇ်နိုင်ငံသို့ တိမ်းရှောင်ခိုလှုံသွားခဲ့သည်ဟု ဖော်ပြထားသည်။
.
ရုရှားနှင့် Wagner ကြေးစားတပ်တို့အကြားဖြစ်ပေါ်လာခဲ့သော ပဋိပခတ်ကို ဘီလာရုဇ်သမ္မတက ကြားဝင်ဖြေရှင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။
.
Photo: Nation World
.

SHARE THIS NEWS

OTHER NEWS