29 April 2024

,

အသင်းပရိသတ်တွေကို အာရပ်ဝတ်ရုံနဲ့ခေါင်းဆောင်းဝတ်ဆင်ခွင့်ပေးလိုက်တဲ့ နယူးကာဆယ်

အသင်းပိုင်ရှင်အသစ်ဖြစ်တဲ့ ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုကို အားပေးတဲ့အနေနဲ့ မကြာသေးမီကအင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့သူကြွယ်အသင်းတစ်သင်းဖြစ်လာခဲ့တဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းဟာ အသင်းပရိသတ်တွေကို အာရပ်စတိုင်ဝတ်ရုံနဲ့ခေါင်းဆောင်းတွေကို ဝတ်ဆင်ပြီးကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်ပေးလိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။

“ပြိုင်ပွဲနေ့တွေမှာ အသင်းပရိသတ်တွေရဲ့ဝတ်စားဆင်ယဉ်ပုံနဲ့ပတ်သက်လို့ အသင်းဘက်က ရှင်းရှင်းလင်းလင်းအသိပေးလိုပါတယ်။ အသင်းပိုင်ရှင်သစ်အနေနဲ့ဒေသခတွေရဲ့ကြိုဆိုမှုကိုရရှိတဲ့အတွက် အင်မတန်ကြည်နူးမိပါတယ်။ အသင်းပရိသတ်တွေက အာရပ်စတိုင်ဝတ်ရုံဖြစ်စေ ခေါင်းဆောင်းဖြစ်စေ ဝတ်ဆင်ပြီးတော့ကွင်းထလာရောက်အားပေးတာဟာ အသင်းပိုင်ရှင်သစ်ကိုကြိုဆိုတဲ့ ပြယုဂ်တစ်ခုလို့ယူဆပါတယ်။ အခုလို သင့်လျော်မှုရှိတဲ့အာရပ်စတိုင်ဝတ်ဆင်ပြီး ကြိုဆိုမှုတစ်ရပ်ကိုပြလိုတဲ့ဘောလုံးပရိသတ်တွေမှာ လွတ်လပ်စွာဝတ်ဆင်ခွင့်ရှိသင့်ပါတယ်” ဆိုပြီး ထုတ်ပြန်ထားပါတယ်။

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့စပါးအသင်းနဲ့ပွဲစဉ်မှာ အသင်းပရိသတ်တချို့က အာရပ်ဝတ်ရုံနဲ့ခေါင်းဆောင်းဝတ်ဆင်ပြီး ကွင်းထဲလာရောက်အားပေးခဲ့တဲ့နောက်မှာ သင့်လျော်မှုမရှိဘူးဆိုပြီး မဝတ်ဆင်ကြဖို့ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS