3 May 2024

ကျပ်ငွေတန်ဖိုး တောက်လျှောက်ထိုးကျ
.
ဇွန် ၂၈ ရက်၊ ၂၀၂၃
.
အစိုးရဘဏ်နှစ်ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်ပြီးနောက် ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုး ထိုးဆင်းလျက်ရှိပြီး အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၃၃၀၀ အထိရှိလာနေပြီး ထိုင်း ၁ ဘတ်လျှင် ကျပ် ၉၀ အထိ ရှိလာနေသည်။
.
စကစ က ဒေါ်လာနှင့်ရွှေဈေးမြင့်တက်မှုကိုကာကွယ်ရန် ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ စီးပွားရေး သမားများကို လိုက်လံဖမ်းဆီးလျက်ရှိရာ ဈေးကွက်တွင် ရောင်းလိုအားမရှိတော့ဘဲ ဝယ်လိုအားသာရှိနေ ကြောင်း ကုန်သည်များထံမှ သိရသည်။
.
“စျေးကွက်ရယ်လို့ကို မရှိတော့ဘူး။ ဝယ်ချင်သူတွေက နေ့တိုင်းဖုန်းဆက် မေးတယ်။ ရောင်းသူ လည်း မရှိဘူး။ ဒေါ်လာစျေးကွက်ရော လိုက်ဖမ်းနေလို့ ငြိမ်နေကြတယ်။ ဒေါ်လာ စျေးတန်းတောင် မှန်းဖွင့်ပြီး လုပ်နေရတယ်။ အဝယ် အရမ်းများတယ်။ အရောင်းမရှိဘူး။ ငွေလဲကောင်တာတွေမှာလည်း ဒေါ်လာ မရဘူး။ ရောင်းလည်း မရောင်းဘူး။ စျေးတန်းက တစ်ဒေါ်လာ ၃၃၀၀ ကျပ်ဝန်း ကျင်ရှိတယ်။ အဲဒါ အတက်ပဲရှိလိမ့်မယ်။ အကျတော့ မရှိဘူး” ဟု ဒေါ်လာဝယ် ရောင်းလက်ကား ဒိုင်တစ်ဦးက ဆိုသည်။
.
ထိုင်း-မြန်မာငွေလဲစျေးကွက်တွင်လည်း ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၉၀ ကျပ်ဝန်းရှိလာပြီး မြန် မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၁၁၁၁ ဝန်းကျင်သာရတော့ကြောင်း သိရှိရသည်။
“ကျပ်ငွေက စျေးက ထိုးကျနေတယ်။ ဘတ်ငွေက တက်နေတယ်။ ဒီပုံစံအတိုင်း ဆက်တက်နေရင်တော့ ပစ္စည်း တင်ပို့တာတွေ ရပ်ရတော့မယ်။ အဓိက ငွေလဲ နှုန်း မှာ မြန်မာကျပ်ငွေက မတည်ငြိမ်ဘဲ ထိုးကျ နေတာကြောင့် ခဏ စောင့်ရ မယ့်ပုံရှိတယ်” ဟု မြ၀တီမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောပြသည်။
.
မူရင်း : ရန်ကုန်ခေတ်သစ်
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS