10 May 2024

,

ဩဂုတ်လ ၁၄ ရက်နေ့က Soojin ဟာ (G)I-DLE အဖွဲ့ဝင်အဖြစ်မှ ထွက်ခွာသွားကြောင်း CUBE Entertainment မှ  ကြေညာလိုက်ပါတယ်။

Soojin ဟာ အထက်တန်းကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေကို ကြီးနိုင်ငယ်ညှဉ်း လုပ်ခဲ့ဖူးကြောင်း သတင်းတွေထွက်ရှိလာတာကြောင့် ပရိသတ်တွေကြား ဝေဖန်မှုမြင့်တတ်လာကာ အသစ်ထွက်ရှိမယ့် သီချင်းသစ်မှာ ပါဝင်သီဆိုခွင့်မရခဲ့ပါဘူး။

မြင့်တတ်နေဆဲဖြစ်တဲ့ဝေဖန်သံတွေကို Soojin ကိုယ်တိုင်က အဲဒီကိစ္စဟာ အဖြစ်မှန် မဟုတ်ကြောင်း ငြင်းပယ်ခဲ့ပေမယ့် သူနဲ့ကျောင်းတစ်တန်းထဲ တတ်ခဲ့ဖူးတဲ့ သရုပ်ဆောင်မင်းသမီး Seo Shin Ae ကိုယ်တိုင်က Soojin ဟာတစ်ကယ်ပဲကျောင်းတုန်းက အခန်းထဲကသူငယ်ချင်းတွေကို ကြီးနိုင်ငယ်ညှင်းလုပ်ခဲ့တာမှန်တယ်လို့ အတည်ပြုပြော ဆိုခဲ့တာကြောင့် Soojin ကိုယ်တိုင်က (G)I-DLE အဖွဲ့ဝင်အဖြစ်မှ ထွက်ဖို့ဆုံးဖြတ်ခဲ့တာပါ၊

အဲဒီကိစ္စနှင့်ပတ်သက်လို့ CUBE Entertainment က စိတ်မကောင်းကြောင်းနှင့် (G)I-DLE အဖွဲ့ကို ကျန်အဖွဲ့ဝင် ၅ ဦးနှင့်ဆက်လက် အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်လို့ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS