3 May 2024

ထိုင်းစားသုံးသူကာကွယ်ရေးပြစ်မှုနှိမ်နင်းရေးဗျူရိုနှင့် ထိုင်းအစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး (FDA) တို့ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးမှုပြုရာ လိုင်စင်မဲ့ဆေးဝါးကျွမ်းကျင် ၁၀၀ ကျော်နှင့် တရားမဝင်ဆေးဝါး ၃၅၉ မျိုးဖမ်းဆီးရမိ။

ထိုင်းစားသုံးသူကာကွယ်ရေးပြစ်မှုနှိမ်နင်းရေးဗျူရို နှင့် ထိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံးတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံတဝန်းရှိဆေးဆိုင်များကိုကွင်းဆင်းစစ်ဆေးရာ သံသယတရားခံ ၁၂၇ ဦး နှင့် သက်သေခံဆေးဝါး ၃၅၉ မျိုးဖမ်းဆီးနိုင်ခဲ့သည်ဟု ထိုင်းစားသုံးသူကာကွယ်ရေးပြစ်မှုနှိမ်နင်းရေးဗျူရိုတွင်ယမန်နေ့ (ဇန်နဝါရီ ၂၄) က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ဖမ်းဆီးရာတွင် လုပ်ငန်းလိုင်စင်မရှိသည့်ဆေးဆိုင် ၁၇ ခု နှင့် ဆေးဝါးကျွမ်းကျင်လိုင်စင်မရှိသူ ၁၁၉ ဦး ပါဝင်သည်ဟုဆိုသည်။

အိပ်ဆေး၊ စပ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ဓာတ်မတည့်ပျောက်ဆေး၊ အန္တရာယ်ဆေးဝါး၊ အထူးထိန်းချုပ်ဆေးဝါးအပါအဝင် တိုင်းရင်းဆေးများကိုဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါဆေးဝါးများရောင်းချခြင်းသည် ထိုင်းဆေးဝါးအက်ဉပဒေ ဘီအီး ၂၅၁၀ ကိုချိုးဖောက်သည်ဟု ဆိုသည်။

 

 

ထို့ပြင် ခရိုင်တော်တော်များများတွင် ဆေးဝါးကျွမ်းကျင်တရားဝင်လိုင်စင်မရှိသူများက ဆေးဆိုင်များတွင်ဆေးဝါးရောင်းချနေသည်ကိုစစ်ဆေးတွေ့ရှိရပြီး ထိုင်းဆေးဝါးအလုပ်အကိုင်အက်ဉပဒေ ဘီအီး ၂၅၃၇ အရ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် ဆေးဝါးရောင်းချနေသူများတွင် မူလတန်းမှဘွဲ့ရအထိ ပညာအရည်အချင်းရှိသူများဖြစ်ပြီးဆေးဝါးကျွမ်းကျင်လိုင်စင်မရှိသူများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ ဆေးဝါအတုများ၊ အန္တရာယ်ရှိသောဆေးဝါးများနှင့်အထူးထိန်းချုပ်ဆေးဝါးများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS